Pages

Thursday, August 6, 2015

ကမ္ဘာ့ကာကွယ်ဆေး ရန်ပုံငွေတစ်ရပ် ထူထောင်ကာ ကပ်ရောဂါဆိုးများကို ကာကွယ်မည်


လန်ဒန် ၊ ၆-၈-၂၀၁၅

ကမ္ဘာကြီးပေါ်တွင် အီဘိုလာ ကဲ့သို့ ကပ်ရောဂါဆိုး ကြီးများ ထပ်မံ ဖြစ်ပွားကာ လူ့အသက် အန္တရာယ်ကို ခြိမ်းခြောက်ခြင်း မျိုးထပ်မံ မဖြစ်ပွားစေရေး ကြိုတင် ကာကွယ်မှုများ ပြုလုပ်နိုင်ရန် ကမ္ဘာ့ ကာကွယ်ဆေး ရန်ပုံငွေ တစ်ရပ်ကို အမေရိကန် ဒေါ်လာ သန်းနှစ်ထောင် ဖြင့် မတည် ထူထောင် သွားသင့်ကြောင်း လန်ဒန် အခြေစိုက် အပြည်ပြည် ဆိုင်ရာ ရူပဗေဒ ပညာရှင်များ အသင်း Wellcome Trust က အဆိုပြု ထားကြောင်း သိရသည်။

" ကမ္ဘာကြီး ပေါ်မှာ ကာကွယ်ဆေး အသစ်တွေ လိုအပ် နေပါတယ် ၊ လိုအပ်နေတဲ့ ကာကွယ်ဆေး အသစ်တွေကို ဖော်စပ် ထုတ်လုပ် ရာမှာလဲ အတားအဆီး အခက်အခဲ များစွာ ရှိနေပါတယ် ၊ ဒါတွေစာ လျစ်လှူရှု ထားလို့ရတဲ့ အဆင့်ကနေ လွန်မြောက်နေပြီ ဖြစ်လို့ ရောဂါ ဖြစ်မှ ကာကွယ်ရေး ရှာတာထက် ဖြစ်လာနိုင်တဲ့ ရောဂါတွေကို ကြိုတင် တားဆီးကာကွယ် လို့ရအောင် ၊ ကာကွယ်ဆေး ဖော်စပ်ဖို့ ကုန်ကြမ်းနဲ့ နည်းပညာ လဲ ကိုယ့်မှာ အဆင်သင့် ရှိအောင် ကြိုတင် ပြင်ဆင် ထားချိန်တန် ပါပြီ ... " ဟု Wellcome Trust မှ ဒါရိုက်တာ ဖြစ်သူ ဂျယ်ရမီဖာရာ က ပြောသည်။

" မျက်မှောက်ခေတ်ရဲ့ စီးပွားရေး သရုပ်မှန်ကို ထောက်ရှုခြင်း အားဖြင့် အစိုးရဲနဲ့ တခြား ရင်းနှီးမြုပ်နှံ သူတွေဆီကနေ အထောက်အပံ့ မရဘဲနဲ့ ကူးစက်မြန် ရောဂါတွေကို ကာကွယ်ဖို့ ၊ ထိန်းချုပ်ဖို့ ၊ ကုသဖို့ အဖြစ်နိုင် တော့ပါဘူ။ ဒါကြောင့် တစ်ကမ္ဘာလုံး ပါဝင်တဲ့ ရန်ပုံငွေ တစ်ရပ်ကို ထူထောင်ဖို့ လိုအပ်နေပါတယ် .. " ဟု အမေရိကန် ပြည်ထောင်စု ၊ ပရစ်စတန် တက္ကသိုလ်မှ ပါမောက္ခ တစ်ဦးဖြစ်သူ အဒယ်မာမောက် က ပြောပြသည်။

အီဘိုလာ အရေးကိစ္စတွင် အီဘိုလာ ကာကွယ်ဆေး ဖော်စပ် ထုတ်လုပ်နိုင်ရန် ကုန်ကြမ်းများ အသင့် ရှိနေခဲ့ သော်လည်း ၄င်းတို့ကို စမ်းသပ်ရန် ရန်ပုံငွေ မရှိခဲ့ကြောင်း ၊ ထိုစဉ် ကတည်းက စမ်းသပ်ခွင့် ရရှိခဲ့ပါက ယခုကဲ့သို့ လူ အသေအပျောက် များမည် မဟုတ်ဘဲ အသက်ပေါင်း ထောင်ပေါင်း များစွာကို ကယ်တင်နိုင်မည် ဖြစ်ကြောင်း လည်း ၄င်းက ဆက်လက် ပြောပြသည်။

ဖော်ပြပါ ရန်ပုံငွေ အမေရိကန် ဒေါ်လာ သန်းနှစ်ထောင် ကို နိုင်ငံတကာ အစိုးရများ ၊ ငွေကြေး အဖွဲ့အစည်း များနှင့် ဆေးဝါး ထုတ်လုပ်ရေး ကုမ္ပဏီများက ပူးပေါင်း ထည့်ဝင် မတည်ထူထောင် သွားမည်ဖြစ်ပြီး လူသား မျိုးနွယ်စု အတွက် လိုအပ်မည့် ကာကွယ်ဆေး များကို စဉ်ဆက်မပြတ် ထုတ်လုပ် သွားမည် ဖြစ်ကြောင်း ၄င်းက ဆက်လက် ပြောပြခဲ့သည်။



#Themyawadydaily

No comments:

Post a Comment