Pages

Monday, July 20, 2015

Selfie Stick ကို အသုံးပြုခွင့် Disneyland ကစားဥယျာဉ်တွင် တားမြစ်


Disney bans selfie sticks at all theme parks


ပဲရစ် ၊ ၂၀-၇-၂၀၁၅

ကလေးငယ်များ ပျော်ပါးရာ Disneyland ကစားဥယျာဉ်တွင် လည်ပတ်သူ များက မိမိကိုယ်ကို Selfie ဓာတ်ပုံများ ရိုက်ကူးရာ၌ အသုံးပြုသော Selfie Stick ချောင်းများကို အသုံးပြုခွင့် ပိတ်ပင် သွားမည် ဖြစ်ကြောင်း Orlando Sentinel ၏ အင်တာနက် သတင်း တစ်ရပ်တွင် ဖော်ပြ ထားသည်။

Disneyland ၏ တားမြစ်ချက်မှာ Walt Disney World နှင့် Disneyland တို့တွင် ဇွန် ၃ဝ ရက်မှစ၍ အကျိုး သက်ရောက်မှု ရှိသွားမည် ဖြစ်ကြောင်း သိရသည်။ ထို့ကြောင့် Disneyland Paris နှင့် HongKong Disneyland တို့ကို လည်ပတ် သူများက မိမိကိုယ်ကို Selfie ဓာတ်ပုံများ ရိုက်ကူးရာတွင် Selfie Stick များကို အသုံးပြုခြင်း မလုပ်ရန် သတိထား ကြရမည် ဖြစ်သည်။ Selfie Stick ချောင်းများကို အသုံးမပြုရန် တားမြစ်ခြင်းမှာ ဧည့်သည်များ၏ လုံခြုံရေးနှင့် သက်ဆိုင် နေသည်ဟု Disneyland က ပြောပြသည်။

Disney World မှ တာဝန်ရှိသူ တစ်ဦးဖြစ်သည့် Mim Prunty က Selfie Stick များမှာ Disneyland ဝန်ထမ်းများနှင့် လာရောက် လည်ပတ်သူများ အတွက် လုံခြုံရေးကို ထိခိုက် စေနိုင်သည့် ပစ္စည်းတစ်ခု ဖြစ်နေသည်ဟု ပြောပြသည်။ ထို့ကြောင့် Disneyland ဝန်ထမ်းများသည် ဥယျာဉ် အဝင်ပေါက် များ၌ ဧည့်သည်များ၏ အိတ်ကို စစ်ဆေးသွားမည် ဖြစ်ကာ Selfie Stick တစ်စုံတစ်ခု ရှာဖွေ တွေ့ရှိခဲ့သော် ကစားဥယျာဉ် ထဲသို့ ယူဆောင်ခွင့် ပြုတော့မည် မဟုတ်ဘဲ လည်ပတ်ပြီး ထွက်ခွာသည့် အခါမှသာ မိမိထံ ပြန်လည် ပေးအပ်သွားမည် ဖြစ်ကြောင်း သိရသည်။

Selfie Stick သည် မိမိတို့၏ စမတ်ဖုန်း များနှင့် ချိတ်ဆက်ထားပြီး မိမိကိုယ်ကို ဓာတ်ပုံရိုက်ကူး ရာတွင် ကောင်းမွန်သော မြင်ကွင်း တစ်ခုဖြင့် ဓာတ်ပုံရိုက်ကူး နိုင်ရန် လုပ်ဆောင် ပေးရာ ခေတ်စား လာသည့် အသုံးအဆောင် ပစ္စည်းတစ်မျိုး ဖြစ်နေ သော်လည်း နောက်ပိုင်းတွင် ကမ္ဘာလှည့် ခရီးသွား ဧည့်သည်များ လည်ပတ်သော နေရာ အချို့၌ Selfie Stick ကို တားမြစ် ခြင်းသည် ပိုမိုများပြား လာပြီ ဖြစ်ကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment