Pages

Friday, July 10, 2015

ပြပွဲသုံးမျိုး စုပေါင်းပြသမည့် စီးပွားရေး ကုန်သွယ်မှုပြပွဲ Myanmar Event Park ၌ ကျင်းပမည်



ရန်ကုန် ၊ ၁ဝ-၇-၂ဝ၁၅

ပြည်တွင်း ပြည်ပမှ ကုန်သွယ်မှုနှင့် ကုန်ထုတ်လုပ်မှု စီးပွားရေး လုပ်ငန်းရှင်များ ပါဝင် ပြသမည့် မြန်မာ- အပြည်ပြည် ဆိုင်ရာ စီးပွားရေး ကုန်သွယ်မှု ပြပွဲ တစ်ရပ်ကို ရန်ကုန်တိုင်း ဒေသကြီး စမ်းချောင်း မြို့နယ် ရှင်စောပု လမ်းရှိ Myanmar Event Park (MEP) တွင် ယခုလ ၂၂ ရက်မှ ၂၅ ရက်အထိ ကျင်းပရန် စီစဉ်ထားကြောင်း သိရသည်။

အဆိုပါ ပြပွဲတွင် မြန်မာ- အပြည်ပြည် ဆိုင်ရာ ကုန်သွယ်မှု ပြပွဲသုံးခုကို စုပေါင်းပြသ သွားမည်ဖြစ်ပြီး ပါဝင် ပြသမည့် ပြပွဲများမှာ ယာဉ်အပို ပစ္စည်းများနှင့် ဝန်ဆောင်မှု လုပ်ငန်း များပြပွဲ၊ အီလက်ထရွန်နစ် နည်းပညာနှင့် လျှပ်စစ်စွမ်းအင် ဆိုင်ရာ ပြပွဲနှင့် လုပ်ငန်းသုံး အလိုအလျောက် စက်ကိရိယာများ ပြပွဲတို့ ဖြစ်သည်။

အဆိုပါ ပြပွဲတွင် မြန်မာနိုင်ငံ အပါအဝင် ဂျာမနီ၊ အင်္ဂလန်၊ ဂျပန်၊ တရုတ်၊ စင်ကာပူ၊ တိုင်ဝမ်၊ တောင်ကိုရီးယား၊ အိန္ဒိယ၊ ထိုင်း၊ ဗီယက်နမ်နှင့် အင်ဒိုနီးရှား အစရှိသော နိုင်ငံ ၁၂ နိုင်ငံမှ စီးပွားရေး လုပ်ငန်းရှင် ပေါင်း ၁၃ဝ ကျော်တို့ ပါဝင်ပြသမည် ဖြစ်ပြီး မော်တော်ယာဉ် အစိတ်အပိုင်းများ၊ ယာဉ်အပို ပစ္စည်းများ၊ လူနေအိမ်နှင့် စက်ရုံ အလုပ်ရုံသုံး လျှပ်စစ် ပစ္စည်းများ၊ အီလက်ထရွန်နစ် ပစ္စည်းများ၊ လုပ်ငန်းသုံး စက်ကိရိယာ များနှင့် ကျန်းမာရေး စောင့်ရှောက်မှု ဆိုင်ရာ စက်ပစ္စည်းများ အစ ရှိသည်တို့ကို သက်ဆိုင်ရာ ကဏ္ဍများ အလိုက် ပြခန်းများ စုစည်းပြသ သွားမည် ဖြစ်ကြောင်း သိရသည်။

ထို့အပြင် မြန်မာနိုင်ငံ တစ်ဝန်းမှ စီးပွားရေး လုပ်ငန်းရှင်များ အတွက် ပြပွဲသို့ လာရောက် လေ့လာပြီး ပြည်ပနိုင်ငံ များမှ ရင်းနှီး မြှုပ်နှံသူများ၊ ကုမ္ပဏီ လုပ်ငန်းရှင် များနှင့် တစ်ဦးချင်း တွေ့ဆုံ ဆွေးနွေး နိုင်မည့် အခွင့်အလမ်း များကို လည်း စီစဉ် ပေးသွားမည် ဖြစ်ကြောင်းနှင့် ထိုပြပွဲသည် မြန်မာနိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှုကို အားဖြည့် ကူညီနိုင်မည့် ပြပွဲတစ်ရပ် ဖြစ်လာ နိုင်ကြောင်း သိရသည်။

ဆောင်းဦး

#Themyawadydaily

No comments:

Post a Comment