Pages

Friday, July 10, 2015

ပြည်တွင်းသို့ ပြည်ပမှ အေးခဲအသား တင်သွင်းခွင့်ပြုလိုင်စင်ရ ကုမ္ပဏီများတိုးလာပြီး ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်အတွင်း တန်ချိန် ၈ သောင်းခန့် တင်သွင်းခဲ့



ရန်ကုန် ၊ ၁၀-၇-၂၀၁၅

ပြည်တွင်းသို့ ပြည်ပမှ အေးခဲအသား တင်သွင်းခွင့်ပြု လိုင်စင်ရ ကုမ္ပဏီ တိုးပွားလာပြီး ၂ဝ၁၄-၂ဝ၁၅ ဘဏ္ဍာနှစ် အတွင်းတွင် အေးခဲအသား တန်ချိန်ပေါင်း ၈ သောင်းခန့် တင်သွင်း ခဲ့ကြောင်း မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက် အရ သိရသည်။

အေးခဲအသားများ တင်သွင်းမည့် နိုင်ငံများ အနေဖြင့် ၄င်းတို့နိုင်ငံမှ သတ်မှတ် ထားသည့် ရောဂါ ကင်းစင်ကြောင်း၊ ကျန်းမာသော တိရစ္ဆာ န်ထွက် အသား ဖြစ်ကြောင်း လက်မှတ်နှင့် နိုင်ငံတကာသို့ ကုန်သွယ်ခွင့်ပြု ထားသည့် လက်မှတ်များ ပါရှိရန် လိုအပ်ပြီး တင်သွင်း လာသည့် အသားများကို မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာနသို့ နမူနာ ပစ္စည်းများ ပေးပို့ စစ်ဆေးရန် လိုအပ်ကြောင်း နှင့် ဌာန အနေဖြင့် ရောဂါ ကင်းစင်ကြောင်း လက်မှတ် ထုတ်ပေးမှသာ တင်သွင်းခွင့် ရရှိမည် ဖြစ်ကြောင်း သိရသည်။

ပြည်တွင်းသို့ တင်သွင်းခွင့်ရ တရားဝင် မှတ်ပုံတင် ထားသည့် ကုမ္ပဏီသည် ပြီးခဲ့သည့် ဘဏ္ဍာနှစ် အတွင်း ကုမ္ပဏီ ၁၆ ခုရှိရာမှ ၂ဝ ဝန်းကျင်အထိ တိုးတက် လာကြောင်း သိရသည်။

ပြည်ပမှ အေးခဲအသားများ တင်သွင်းရာတွင် လေကြောင်းမှ တစ်ဆင့် တင်သွင်းမှုများ ရှိသည့် နည်းတူ နယ်စပ်ဒေသ မှတစ်ဆင့် တင်သွင်းမှု များလည်း ရှိကြောင်း၊ ထို့အပြင် ထိုင်းနိုင်ငံမှ အေးခဲ ကြက်သား အပြင် ကြက်နှင့် ဆက်စပ် ပစ္စည်းများ၊ ဝက်ပေါင်ခြောက် များကို တင်သွင်းသည့် တရားဝင် မှတ်ပုံတင် ကုမ္ပဏီ ခုနစ်ခုအထိ ရှိကြောင်း၊ ယင်း ကုမ္ပဏီ များသည် ပြည်ပနိုင်ငံ များဖြစ်သည့် အမေရိကန်၊ နယူးဇီလန်၊ ဂျာမနီ၊ ဟော်လန်၊ ဘရာဇီး၊ ဂျပန်၊ စင်ကာပူ၊ သြစတြေးလျ အစရှိသည့် နိုင်ငံများမှ အေးခဲအသား တင်သွင်းမှုသည် နိုင်ငံအလိုက် နှစ်စဉ် တန်ချိန် အနည်းဆုံး ကီလိုဂရမ် ၁ဝဝဝ မှ ၈ဝဝဝဝ ခန့်အထိ တင်သွင်း ကြကြောင်း သိရသည်။

အဓိကအားဖြင့် ပြည်တွင်း အဆင့်မြင့် ဟိုတယ်ကြီး များတွင် နိုင်ငံခြားသားများ စားသုံးနိုင်ရန် ဟူသည့် အချက်များဖြင့် တင်သွင်းမှုများ ရှိသည့် နည်းတူ တချို့သော ပြည်ပမှ တင်သွင်းသည့် တိရစ္ဆာ န် နှင့် တိရစ္ဆာ န် ထွက် ပစ္စည်းများမှာ ဈေးနှုန်း သက်သာသဖြင့် ယခု နောက်ပိုင်းတွင် ပြည်တွင်း စားနပ်ရိက္ခာ ဖူလုံမှု ရှိရန်နှင့် သက်သာသည့် ဈေးနှုန်းဖြင့် စားသုံးနိုင်ရန် ရည်ရွယ်၍ တင်သွင်း မှုများလည်း ရှိကြောင်း သိရသည်။ ၂ဝ၁၃ ခုနှစ် နောက်ပိုင်းမှ စတင်၍ မြန်မာ နိုင်ငံသို့ ပြည်ပနိုင်ငံ များမှ အေးခဲအသား တင်သွင်းမှု ပိုမိုများပြား လာပြီး အဓိက အားဖြင့် အမေရိကန် နိုင်ငံနှင့် သြစတြေးလျ နိုင်ငံတို့မှ အများဆုံး တင်သွင်းကြောင်း သိရသည်။

စိုးမိုး

#Themyawadydaily

No comments:

Post a Comment