Pages

Thursday, July 30, 2015

ပြည်သူ့ဆေးရုံဝင်းအတွင်း ဖွင့်လှစ်ထားသော ပုဂ္ဂလိက ဆေးဆိုင်များ သက်တမ်းကုန်ဆုံးသည့် နေ့တွင် ပိတ်သိမ်းရန် ညွှန်ကြားထား


ရန်ကုန် ၊ ၃၀-၇-၂၀၁၅

မြန်မာနိုင်ငံရှိ ပြည်သူ့ဆေးရုံ ဝင်းများအတွင်း ဖွင့်လှစ်ထားသော ပုဂ္ဂလိက ဆေးဆိုင်များကို လုပ်ကိုင်ခွင့် သက်တမ်း ကုန်ဆုံးသည့် နေ့တွင် ပိတ်သိမ်းရန် ညွှန်ကြား ထားကြောင်း ကျန်းမာရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက် အရ သိရသည်။

ပြည်သူ့ဆေးရုံ ပရိဝုဏ်အတွင်း ဆေးဆိုင်များကို ဖွင့်လှစ်ခွင့် ပြုမည် မဟုတ်ဘဲ ပြည်သူများ အတွက် လိုအပ်သော ဆေးဝါးများကို ယခုနှစ်အတွင်း ဆေးရုံမှ အခမဲ့ ပေးခြင်းများ လုပ်ဆောင်လျက် ရှိရာ တချို့ လိုအပ်သော ဆေးဝါးများ ကိုသာ အပြင်ဆိုင်များမှ ဝယ်ယူပြီး ဆေးကုသမှု စရိတ် သက်သာရေး အတွက် အများပြည်သူ ကျန်းမာရေး စောင့်ရှောက်မှုကို မြှင့်တင် ထားသည်။

ထို့အပြင် ဆေးဝါးများကို ခွဲတမ်းစနစ်ဖြင့် ရရှိသည့် မြို့နယ်၊ တိုက်နယ် ဆေးရုံများ၊ ကျေးလက် ကျန်းမာရေး ဌာန၊ ဌာနခွဲများကို တိုင်းဒေသကြီး နှင့် ပြည်နယ် ကျန်းမာရေး ဦးစီးဌာနမှ ဦးဆောင်၍ ဆေးဝါး လိုအပ်ချက် အတိုင်း ဖြည့်ဆည်းပေး နိုင်ရန် ကျန်းမာရေး ဝန်ကြီးဌာန အနေဖြင့် လုပ်ဆောင်လျက် ရှိကြောင်း သိရသည်။

ပြည်သူ့ဆေးရုံ များရှိ ပုဂ္ဂလိက ဆေးဆိုင်များကို လုပ်ကိုင်ခွင့် သက်တမ်း ကုန်ဆုံးသည့် နေ့တွင် ပိတ်သိမ်းရန် ကျန်းမာရေး ဝန်ကြီးဌာနမှ ညွှန်ကြား ထားပြီး သက်တမ်းတိုး လုပ်ဆောင်ခွင့်ကို ရပ်ဆိုင်း လိုက်ပြီ ဖြစ်သည်။ ပိတ်သိမ်းခွင့် အမိန့်စာကို ယခုလ အတွင်း တစ်နိုင်ငံလုံး အတိုင်းအတာ အရ ပြည်သူ့ဆေးရုံ အသီးသီးသို့ ထုတ်ပြန် ကြေညာ ခဲ့ခြင်းဖြစ်ပြီး လေလံ သက်တမ်း မကုန်မီ အထိ လုပ်ကိုင်ခွင့်ပြု ထားသည်။

ယခုနှစ်မှစ၍ ဈေးကွက်တင် ရောင်းချမည့် ဆေးပစ္စည်းများ အတွက် ဆေးပစ္စည်း အရည်အသွေး ကွပ်ကဲရေးနှင့် ပတ်သက်သည့် လိုင်စင်များ ထုတ်ပေးနိုင်ရန် စီစဉ်လျက် ရှိကြောင်း သိရသည်။

စိုးမိုး

မြ၀တီနေ့စဉ် ၊ စာ(၁၂)

#Themyawadydaily

No comments:

Post a Comment