Pages

Wednesday, July 22, 2015

ငမိုးရိပ်ချောင်းဖြတ် ငမိုးရိပ်တံတားသစ် ပေါ်မှ မော်တော်ယာဉ်များ မကြာမီ ဖြတ်သန်းသွားလာ နိုင်တော့မည်


ငမိုးရိပ် ချောင်းဖြတ် ငမိုးရိပ်တံတား (မင်္ဂလာတောင်ညွန့်)

ရန်ကုန် ၊ ၂၂-၇-၂ဝ၁၅

ရန်ကုန်တိုင်း ဒေသကြီး ငမိုးရိပ်ချောင်း တစ်ဖက် တစ်ချက်ရှိ ဒေါပုံမြို့နယ်နှင့် မင်္ဂလာတောင်ညွန့် မြို့နယ်တို့ကို ဆက်သွယ်သည့် ငမိုးရိပ် ချောင်းဖြတ် ငမိုးရိပ်တံတား (မင်္ဂလာတောင်ညွန့်) (ပုံ)၏ တည်ဆောက်ရေး လုပ်ငန်း တစ်ခုလုံး ရာနှုန်းပြည့် ပြီးစီးနေပြီ ဖြစ်၍ မကြာမီ ရက်ပိုင်းအတွင်း မော်တော်ယာဉ်များ ဖြတ်သန်း သွားလာ နိုင်မည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ ငမိုးရိပ်တံတား (မင်္ဂလာတောင်ညွန့်) တံတားသစ်သည် ပင်မတံတား အရှည် ၃ဝ၅ မီတာရှိပြီး တံတား အကျယ်မှာ ၁၁ ဒသမ ၅ မီတာရှိကာ ယာဉ်သွားလမ်းအား အသွားအပြန် နှစ်လမ်းသွား ဆောင်ရွက် ထားသည်။ တစ်ဖက်လျှင် ၁ ဒသမ ၇၅ မီတာစီ ရှိသော တံတားသစ် ပေါ်ရှိ လူသွားလမ်း ပလက်ဖောင်းကို စုစုပေါင်း ၃ ဒသမ ၅ မီတာ ဆောင်ရွက်ထားပြီး ရေလမ်း ကင်းလွတ် အမြင့်မှာ ၁၆ ဒသမ ၅ လက်မရှိကြောင်း သိရသည်။

တံတား အမျိုးအစားမှာ တံတားအုတ်မြစ် ဘိုးပိုင် ဖောင်ဒေးရှင်း အောက်ထည်ပိုင်း သံကူ ကွန်ကရစ်၊ အပေါ်ထည်ပိုင်း ကြိုတင်အားဖြည့် သံကူကွန်ကရစ် ဖြစ်ပြီး တံတား ခံနိုင်ဝန်မှာ တန် ၆ဝ ဖြစ်သည်။

ငမိုးရိပ်တံတား (မင်္ဂလာတောင်ညွန့်) တံတားသစ်သည် အင်္ဂလိပ် ခေတ်တွင် တည်ဆောက် ခဲ့သည့် သံပေါင် တံတားဟောင်းနှင့် ၈ ဒသမ ၅ မီတာအကွာတွင် ထိုင်းနိုင်ငံ နည်းပညာကို အခြေခံကာ ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီ အင်ဂျင်နီယာ ဌာန လမ်းနှင့်တံတား က ငွေကျပ် ၅ ဒသမ ၉ ဘီလီယံခန့် သုံးစွဲ တည်ဆောက် ခဲ့ခြင်းဖြစ်သည်။ ကွန်ကရစ် တံတားသည် သံတံတား ထက် ပိုမိုခိုင်မာသည့် အတွက် မော်တော်ယာဉ် များအား တံတားဟောင်း ပေါ်မှ ဖြတ်သန်းခွင့် မပြုဘဲ လူနှင့် အနှေးယာဉ်များ ကိုသာ တံတားဟောင်းမှ ဖြတ်သန်းခွင့် ပေးမည်ဖြစ်ပြီး မော်တော်ယာဉ် များသည် တံတားသစ် ပေါ်မှ ဖြတ်သန်းသွားလာ ကြရမည် ဖြစ်သည်။

အဆိုပါ တံတားကြီး ပေါ်မှ မော်တော်ယာဉ်များ၊ လူနှင့် အနှေးယာဉ်များ ဖြတ်သန်းခွင့် ရရှိသည်နှင့် တစ်ပြိုင်နက် မင်္ဂလာတောင်ညွန့် မြို့နယ်နှင့် ဒေါပုံမြို့နယ် တို့မှ ပြည်သူများ ယာဉ်ကြော ကျပ်တည်းခြင်းမှ ဖြေလျှော့ သက်သာ သွားမည် ဖြစ်သည်။ ထို့ပြင် ဧရာဝဏ်လမ်း မှတစ်ဆင့် သန်လျင်၊ သုံးခွသို့ လည်းကောင်း၊ တောင်ဒဂုံ လမ်းမကြီးမှ တစ်ဆင့် အမှတ်(၂) လမ်းအတိုင်း ပဲခူး ခြောက်လမ်းသွား အထိအောင် လမ်းပေါက် ခရီးရောက်မည် ဖြစ်ကြောင်း သိရသည်။

ဝန်းရံခ

မြ၀တီနေ့စဉ် ၊ စာ(၃၂)

#Themyawadydaily

No comments:

Post a Comment