Pages

Wednesday, July 22, 2015

ကန့်ဘလူမြို့နယ် ရေဘေးသင့် တိရစ္ဆာန်များ အတွက် ဆေးဝါးနှင့် အစားအစာများ လှူဒါန်းမည်


မန္တလေး ၊ ၂၂-၇-၂၀၁၅

စစ်ကိုင်းတိုင်း ဒေသကြီး ကန့်ဘလူ မြို့နယ်မှ ရေဘေးသင့် ကျွဲ၊ နွားများ အပါအဝင် တခြားတိရစ္ဆာန် များအတွက် မန္တလေးတိုင်း ဒေသကြီး တိရစ္ဆာန် မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာနနှင့် မွေးမြူရေး လုပ်ငန်း အဖွဲ့ချုပ်တို့ ပူးပေါင်း၍ ဆေးဝါးနှင့် အစားအစာများ လှူဒါန်းမည် ဖြစ်ကြောင်း သိရသည်။

မန္တလေးတိုင်း ဒေသကြီး တိရစ္ဆာန် မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာနမှ ပညာရှင် ၁၁ ဦးနှင့် ကျွဲ၊ နွား၊ သိုး၊ ဆိတ် တို့အတွက် ထောင့်သန်းရောဂါ ကာကွယ်ဆေး အကောင် ၁ဝဝဝဝ စာ၊ ပေါင်ပုပ်၊ လက်ပုပ်ရောဂါ ကာကွယ်ဆေး အကောင် ၄ဝဝဝ စာ၊ လည်ချောင်းကွဲ ရောဂါ ကာကွယ်ဆေး အကောင် ၃ဝဝဝ စာနှင့် ပဋိဇီဝဆေး များကို တိရ စ္ဆာန်များ အတွက် လှူဒါန်းရန် ပို့ပေးထားပြီး ဖြစ်ကြောင်း တိရစ္ဆာန် မွေးမြူရေး နှင့် ကုသရေး ဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါက်တာ ရန်နိုင်စိုး ထံမှ သိရသည်။

မန္တလေးတိုင်း ဒေသကြီး မွေးမြူရေး လုပ်ငန်းအဖွဲ့ချုပ် မှလည်း တိရ စ္ဆာန်များ အတွက် အဓိကအစာ ဖြစ်သော ငွေကျပ်သိန်း ၂ဝ ခန့်တန်ဖိုး ရှိသည့် ဖွဲနုအိတ် ၁ဝဝ ကို အရေးပေါ် အစာအဖြစ် လှူဒါန်း နေကြောင်း မွေးမြူရေး လုပ်ငန်းအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါက်တာ ကျော်ထင် ထံမှ သိရသည်။

စစ်ကိုင်းတိုင်း ဒေသကြီး ကန့်ဘလူ မြို့နယ်၌ ဇူလိုင် ၁၅ ရက် ည ၁ဝ နာရီ ဝန်းကျင်က မိုးသည်းထန်စွာ ရွာသွန်းခဲ့ပြီး ဇူလိုင် ၁၇ ရက် နံနက် ၃ နာရီခန့်မှ စတင်၍ ရေကြီး၊ ရေလျှံ၊ ရေနစ်မြုပ်ခြင်း များကြောင့် လူနှင့်
တိရစ္ဆာန်များ ရေဘေးဒုက္ခ ကြုံတွေ့ နေရကြောင်း သိရသည်။

''ရေကြီးပြီးတော့ နေအိမ်တွေ၊ လူတွေ၊ တိရစ္ဆာန်တွေ နစ်မြုပ်နေကြတာ။ ကျွဲ၊ နွား၊ သိုး၊ ဆိတ်တွေ အတွက် စားကျက်နေရာ မရှိတော့ဘူး။ စုဆောင်းထားတဲ့ အစာတွေ ကလည်း လူတွေ ကိုယ်တိုင်တောင် အိမ်တွေ စွန့်နေရတာ ဆိုတော့ ခက်ခဲသွားပြီ။ အာဟာရ မပြတ်အောင်နဲ့ ကူးစက်ရောဂါ တွေ မပြန့်ပွားအောင် အခုလို လှူဒါန်းရတာပါ'' ဟု ဒေါက်တာ ရန်နိုင်စိုး က ပြောသည်။ (၄၄၃)

မြ၀တီနေ့စဉ် ၊ စာမျက်နှာ(၄)

#Themyawadydaily

No comments:

Post a Comment