Pages

Wednesday, July 29, 2015

အမေရိကန်နိုင်ငံတွင် ကျင်းပသော လူငယ်ဂေါက်သီးရိုက် ပြိုင်ပွဲဝင် မြန်မာနိုင်ငံမှ ဂေါက်သီးရိုက် အားကစားသမားများ ပြန်လည်ရောက်ရှိ



ရန်ကုန် ၊ ၂၉-၇-၂၀၁၅

၂ဝ၁၅ ခုနှစ် ဇူလိုင် ၂ဝ ရက်မှ ၂၁ ရက်အထိ အမေရိကန်နိုင်ငံ The Perfect putter 1st coast Junior open(Hurricane golf Tour) လူငယ် ဂေါက်သီးရိုက် ပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ ဂေါက်သီးရိုက် အားကစား သမားများ ယှဉ်ပြိုင်ခဲ့ရာ အသက် ၁၁ နှစ်မှ ၁၄နှစ် သက်တမ်း ပြိုင်ပွဲတွင် မသင်းဝေခိုင် က ပထမ၊ အသက် ၁၁ နှစ်မှ ၁၂ နှစ် သက်တမ်း ပြိုင်ပွဲတွင် မောင်ကောင်းမြတ်ကျော် က ဒုတိယနှင့် မောင်မင်းသံလွင်အောင် က တတိယ၊ အသက် ၁၅ နှစ်မှ ၁၈ နှစ် သက်တမ်း ပြိုင်ပွဲတွင် မောင်ဇင်အောင်မင်း က အဆင့်(၄)၊ မဝင့်ဖူးနဒီအောင် က အဆင့်(၅) နှင့် မပွင့်ဖူးနဒီခိုင် က အဆင့်(၁၂)၊ အသက်(၁၃) နှစ်မှ ၁၄ နှစ် သက်တမ်း ပြိုင်ပွဲတွင် မောင်စိုင်းအောင်စိုင်ဖ က အဆင့်(၇)တို့ အသီးသီး ရရှိခဲ့ကြပြီး ဇူလိုင်၂၈ ရက် နံနက်၂ နာရီခွဲတွင် ရန်ကုန် အပြည်ပြည် ဆိုင်ရာ လေဆိပ်သို့ ပြန်လည် ရောက်ရှိခဲ့သည်။

မြန်မာနိုင်ငံမှ ထူးချွန်သော ဂေါက်သီး အားကစားသမားများ ပေါ်ထွက် လာစေရေး အတွက် မြန်မာနိုင်ငံ ဂေါက်သီးအဖွဲ့ချုပ်မှ တာဝန်ရှိ သူများသည် လူငယ် အားကစားသမား များအား ပြုစု ပျိုးထောင်၍ နိုင်ငံတကာ ဂေါက်သီးရိုက် ပြိုင်ပွဲများသို့ သွားရောက် ယှဉ်ပြိုင်စေလျက် ရှိကြောင်း သတင်း ရရှိသည်။

ကိုသက်

မြ၀တီနေ့စဉ် ၊ စာ(၁၁)

#Themyawadydaily

No comments:

Post a Comment