Pages

Thursday, July 23, 2015

မြန်မာ-ဂျပန်အသင်း၏ ပညာရည်ထူးချွန်ဆု ဂျပန်နိုင်ငံ လေ့လာရေး သွားရောက်ရန်ရွေးချယ်ခံရသည့် ဘက်စုံထူးချွန်သူ စာရင်းထုတ်ပြန်



ရန်ကုန် ၊ ၂၃-၇-၂ဝ၁၅

မြန်မာ-ဂျပန် အသင်း၏ ပညာရည် ထူးချွန်ဆု (ဂျပန်နိုင်ငံ လေ့လာရေး အစီအစဉ်-၂ဝ၁၅) အတွက် ''၂ဝ၁၅ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ'' တွင် ထူးချွန်စွာ အောင်မြင်သူများ အနက်မှ ''ဘက်စုံ ထူးချွန်သူ ၂ဝ ဦး'' အား ရွေးချယ် လိုက်ကြောင်း သိရသည်။

အဆိုပါ ဘက်စုံထူးချွန်သူ ၂ဝ ဦးသည် ဂျပန်နိုင်ငံသို့ ခုနစ်ညအိပ် ရှစ်ရက်ကြာ လေ့လာရေး ခရီးစဉ်အား ၂ဝ၁၅ ခုနှစ် စက်တင်ဘာ ၅ ရက်မှ ၁၃ ရက်အထိ သွားရောက် ရမည်ဖြစ်ကြောင်း မြန်မာ-ဂျပန် အသင်း၏ ထုတ်ပြန်ချက် တွင် ဖော်ပြထားသည်။

ထူးချွန် ကျောင်းသား ရွေးချယ်ရေး ကော်မတီသည် မြန်မာ-ဂျပန် အသင်းမှ ချမှတ်ထားသော ထူးချွန် ကျောင်းသား ရွေးချယ်ရေး အခြေခံမူများ နှင့်အညီ ရန်ကုန်၊ နေပြည်တော် နှင့် မန္တလေး တို့တွင် ထူးချွန် ကျောင်းသား၊ ကျောင်းသူ ၆၆ ဦးအား လူတွေ့ စစ်ဆေး၍ ဘက်စုံ ထူးချွန်သူ ၂ဝ ဦးအား ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။

ရွေးချယ်ခံရသည့် ဘက်စုံ ထူးချွန်သူ ၂ဝ ဦးသည် နိုင်ငံကူး လက်မှတ် ပြုလုပ်ရန်၊ ဂျပန် ပြည်ဝင်ဗီဇာ လျှောက်ထားရေး ကိစ္စများ အတွက် မြန်မာ-ဂျပန် အသင်း ရန်ကုန်မြို့သို့ အမြန်ဆုံး ဆက်သွယ်ရန် နှိုးဆော် ထားကြောင်း သိရသည်။ ဂျပန်နိုင်ငံ လေ့လာရေး ခရီးစဉ် အတွက် ကြိုတင်ပြင်ဆင် ဖွဲ့စည်း စခန်းသွင်း လေ့ကျင့်ရန် ရန်ကုန်တိုင်း ဒေသကြီး မရမ်းကုန်း မြို့နယ် ရွှေနှင်းဆီလမ်း ရှိ ကမ္ဘောဇဘဏ် သင်တန်းကျောင်း သို့ ၂ဝ၁၅ ခုနှစ် သြဂုတ် ၃၁ ရက် မွန်းတည့် ၁၂ နာရီ မပျက်မကွက် သတင်းပို့ရမည် ဖြစ်ကြောင်း မြန်မာ-ဂျပန် အသင်းမှ သတင်း ရရှိသည်။ (၄ဝဝ)

မြ၀တီနေ့စဉ် ၊ စာ(၈)

#Themyawadydaily

No comments:

Post a Comment