Pages

Friday, July 10, 2015

အန်စာတုံးပုံစံ ဖရဲသီးများကို မြန်မာနိုင်ငံတွင် လာရောက် စိုက်ပျိုးရန် ဂျပန်နိုင်ငံမှ နည်းပညာများ ပံ့ပိုးပေးမည်



ရန်ကုန် ၊ ၁၀-၇-၂၀၁၅

လွန်ခဲ့သော ၄၅ နှစ်ခန့်မှ ဂျပန်နိုင်ငံမှ စတင်တီထွင် စိုက်ပျိုးခဲ့သော အန်စာတုံး ပုံစံ ဖရဲသီးများကို ဂျပန်နိုင်ငံ အနောက်ပိုင်းတွင် စတင်ဖြန့်ဖြူး ရောင်းချခဲ့ပြီး ယခုအခါတွင် ၄င်းနိုင်ငံတွင်း သာမက ပြည်ပနိုင်ငံ များကပါ အမှာစာများ ရရှိသဖြင့် ဖရဲသီး စိုက်ပျိုး ဖြစ်ထွန်းသော မြန်မာနိုင်ငံတွင် ၄င်း နည်းပညာအား ပံ့ပိုး၍ လာရောက် စိုက်ပျိုးပြီး ပြန်လည် တင်ပို့သွားမည် ဖြစ်ကြောင်း သိရသည်။

''ဒီအန်စာတုံးပုံ ဖရဲသီးတွေကို ကုဗပုံ ပလပ်စတစ်ပုံး နဲ့ ခြင်းတောင်းထဲမှာ ကြီးထွားအောင် စတင် စိုက်ပျိုးတာပါ။ သူက မရင့်မှည့်ခင်မှာ ခူးမိသွားရင် မမှည့်နိုင် တော့ဘဲ စားလို့ မရတော့ ပါဘူး။ ဒီမှာက ဖရဲသီး အမှာစာတွေ ရရှိတဲ့ နိုင်ငံလည်း ဖြစ်တယ်။ ပြီးတော့ မြန်မာနိုင်ငံက ထွက်တဲ့ ဖရဲသီးတွေ ကိုလည်း အာရှ နိုင်ငံတွေက ကြိုက်နှစ်သက် ကြတာကြောင့် ဒီလိုပုံစံ ဆန်းတဲ့ အန်စာတုံးပုံ ဖရဲသီး တွေကို စိုက်ပျိုးပြီး ပြည်ပကို ပြန်လည် ပို့ဆောင် သွားနိုင်အောင် ဖရဲ စိုက်ပျိုးသူများ အသင်းကနေ ဒီက တောင်သူတွေကို ပြန်လည်ပို့ချ ပေးသွားမှာပါ '' ဟု မြန်မာနိုင်ငံ သစ်သီးဝလံ၊ ပန်းမန် နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုး ထုတ်လုပ် တင်ပို့ရောင်းချ သူများအသင်း မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

အန်စာတုံးပုံစံ ဖရဲသီး ၏ လက်ကားဈေးမှာ တစ်လုံးလျှင် ယန်း ၁ဝဝဝဝ ရှိပြီး အမေရိကန် ဒေါ်လာအနေဖြင့် တစ်လုံးလျှင် ၈၁ ဒေါ်လာခန့် ရှိကြောင်း သိရသည်။ ယခုအချိန်တွင် ၄င်းသစ်သီး ပုံစံအား လူကြိုက်များ နေပြီး တူရကီ၊ ကနေဒါ၊ ရုရှား စသော နိုင်ငံတို့မှလည်း ဝယ်ယူရန် အော်ဒါမှာ နေသည့်အပြင် မြန်မာနိုင်ငံသို့ နည်းပညာများ ပံ့ပိုး၍ စိုက်ပျိုး ပြီးပါက ဥရောပ နိုင်ငံများသို့ ချိတ်ဆက် တင်ပို့ ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

သီရိ

#Themyawadydaily

No comments:

Post a Comment