Pages

Tuesday, June 2, 2015

ပြည်ပမှ မော်တော်ယာဉ်များ တင်သွင်းလာသည့် ၄၃ လတာ ကာလအတွင်း ဘဏ္ဍာငွေကျပ် ၁၁၈၈၆၉၀ သန်းကျော်ရရှိ



ရန်ကုန် ၊ ၂-၆-၂၀၁၅

မော်တော်ယာဉ် အစားထိုး စီမံချက် အပါအဝင် ပြည်ပမှ မြန်မာနိုင်ငံ အတွင်းသို့ တင်သွင်းလာသည့် မော်တော်ယာဉ်များ အပေါ် ၄၃ လတာ ကာလအတွင်း အကောက်ခွန် ဦးစီးဌာန အနေဖြင့် အကောက်ခွန် လုပ်ထုံး လုပ်နည်းများနှင့် အညီ ကျသင့်အခွန် များကို စည်းကြပ် ကောက်ခံခဲ့ရာ မြန်မာနိုင်ငံ အတွက် ဘဏ္ဍာငွေကျပ် ၁၁၈၈၆၉ဝ ဒသမ ၂၅ သန်း ရရှိခဲ့ကြောင်း အကောက်ခွန် ဦးစီးဌာနမှ သိရသည်။

နိုင်ငံတော် အတွက် အခွန်ဘဏ္ဍာငွေ အဖြစ် ရရှိခဲ့သည့် ငွေကြေးများတွင် အကောက်ခွန် (CD) မှ မြန်မာငွေကျပ် ၆၁၆၆၈၂ ဒသမ ၇၃ သန်း၊ ကုန်သွယ် လုပ်ငန်းခွန် (CT) မှ မြန်မာငွေကျပ် ၅၇၂ဝဝ၇ ဒသမ ၅၂ သန်း ရရှိခဲ့ကြောင်း သိရသည်။ လက်ရှိတွင် ပြည်ပနိုင်ငံ များမှ မြန်မာနိုင်ငံ အတွင်းသို့ ယာဉ်တင်သွင်း မှုများ နေ့စဉ် ဝင်ရောက် နေရာ အကောက်ခွန် ဌာနအနေဖြင့် အနာဂတ်တွင် နိုင်ငံတော် အတွက် ဘဏ္ဍာငွေ များစွာကို ရှာဖွေနိုင်မည် ဖြစ်ကြောင်း သိရသည်။

အခွန်စည်းကြပ် ကောက်ခံမှု ပြုလုပ်ခဲ့သည့် ယာဉ် အရေအတွက်မှာ ယာဉ်အို ယာဉ်ဟောင်း အစားထိုး လဲလှယ်ရေး စီမံချက် အတွက် ၁၂၂ဝဝ၁၅ စီး၊ ယာဉ် အရောင်းပြခန်း များအတွက် ၉၈၉၅၈ စီး၊ သင်္ဘောသား ပါမစ်ဖြင့် တင်သွင်းမှုများ အတွက် ၂၈၁၈ စီး၊ နိုင်ငံခြားရေး ဝန်ကြီးဌာန ပါမစ်ဖြင့် တင်သွင်းမှု များအတွက် ၂၈၆ စီး၊ ကုမ္ပဏီပါမစ် ဖြင့် တင်သွင်းမှုများ အတွက် အစီး ၇၃ဝ၊ ပြည်ပနေ အလုပ်လုပ်ကိုင် သူများ ပါမစ်ဖြင့် တင်သွင်းသူများ အတွက် ၄၃ စီး၊ ဟိုတယ် နှင့် ခရီးသွားလာရေး လုပ်ငန်း ဝန်ကြီးဌာန ပါမစ်ဖြင့် တင်သွင်းမှုများ အတွက် ၁၉၉၇ စီး၊ စစ်သံအမှုထမ်း ပါမစ်ဖြင့် တင်သွင်းမှု များအတွက် ၁ဝ၈ စီးနှင့် လွတ်လပ်စွာ ဝယ်ယူသူ ပါမစ်ဖြင့် တင်သွင်းမှုများ အတွက် ၂၂၉၅၆ စီးတို့ ဖြစ်ကြောင်း သိရသည်။

မင်းသော်တာလွင်

#Themyawadydaily

No comments:

Post a Comment