Pages

Monday, June 15, 2015

အထင်ကရနေရာဖြစ်သည့် ပုဂံရှေးဟောင်းနယ်မြေကို ယဉ်ကျေးမှုအမွေအနှစ် စာရင်းတင်သွင်းရန် အချိန်ယူရမည်



ရန်ကုန် ၊ ၁၅-၆-၂၀၁၅

မြန်မာနိုင်ငံရှိ ကမ္ဘာလှည့် ခရီးသွားများ လာရောက် လည်ပတ်လေ့ ရှိရာ အထင်ကရ နေရဖြစ်သည့် ပုဂံရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ် ဒေသကို ကမ္ဘာ့ရှေးဟောင်း အမွေအနှစ် စာရင်း တင်သွင်းရန် အချိန်ယူ ရဦးမည် ဖြစ်ကြောင်း ယဉ်ကျေးမှု ဝန်ကြီးဌာန မှ သိရသည်။

ထိုကဲ့သို့ ကမ္ဘာ့ အမွေအနှစ် စာရင်းသို့ ဝင်ရောက် စေရန် ပုဂံ ရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ် ဒေသအတွက် စီမံချက် ရေးဆွဲသွားမည် ဖြစ်ပြီး ၄င်း စီမံချက်တွင် သတ်မှတ်ဇုန်များ အတွင်းရှိ မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာများ ၏ နယ်နိမိတ်များ တိတိကျကျ တိုင်းတာ သတ်မှတ်ရေး၊ ဒေသ ဖွံ့ဖြိုးရေး အတွက် မြို့ပြ အခြေခံ အဆောက်အအုံများ ဆောက်လုပ်ခြင်း အပါအဝင် တည်ဆောက်ရေး လုပ်ငန်းအားလုံး ဆောင်ရွက်ခြင်း မပြုမီ ပုဂံဒေသ၏ တစ်ကမ္ဘာလုံး ဆိုင်ရာ စံတန်ဖိုးများ၊ သတ်မှတ်ချက်များထိခိုက်မှု မရှိစေရေး၊ ရှေးဟောင်း မြင်ကွင်း နှင့် သဘာဝ မြင်ကွင်းများ ပျက်စီးမှု မရှိစေရေး၊ လူဦးရေ တိုးတက်မှု အရ မြို့သစ် တည်ဆောက်ရေး စီမံကိန်းကို ဇုန်နယ်မြေ အဖြစ် လွတ်ကင်းသည့် နေရာတွင် ရေးဆွဲ ဆောင်ရွက် နိုင်ရေးတို့ကို ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် ပုဂံဒေသကို ပြည်တွင်း၊ ပြည်ပ ပညာရှင်များ၊ ယူနက်စကိုမှ ပညာရှင်များ၊ ယဉ်ကျေးမှု ဝန်ကြီးဌာန၊ မြန်မာနိုင်ငံ အင်ဂျင်နီယာ အသင်း၊ ဗိသုကာ ပညာရှင်များ အသင်း၊ ရှေးဟောင်း သုတေသန ပညာဌာန၊ ပုဂံဒေသရှိ ယဉ်ကျေးမှု ထိန်းသိမ်း စောင့်ရှောက်ရေး အဖွဲ့များနှင့် ပူးပေါင်း၍ ထိန်းသိမ်း နေကြောင်း သိရသည်။

အိအိအောင်

#Yadanarpondaily

No comments:

Post a Comment