Pages

Wednesday, May 20, 2015

e-Cigarette က ဆေးလိပ် အမြဲပြတ်အောင် အထောက်အကူ မပြုနိုင်ကြောင်း တွေ့ရှိ



တိုရွန်တို ၊ ၂၀-၅-၂၀၁၅

ဆေးလိပ်ဖြတ် လိုသော ဆေးလိပ်စွဲ သူများကြား e-Cigarette ခေတ်စားနေပြီး ကုမ္ပဏီများ ကလည်း e-Cigarette  ကို အသုံးပြုကာ ဆေးလိပ်ကို အမြဲအတွက် ဖြတ်နိုင်မည်ဟု ကြော်ငြာ နေကြသော်လည်း တကယ်တမ်း တွင် e-Cigarette ကို အစားထိုးကာ ဆေးလိပ် အမြဲပြတ် သွားသည့် သက်သေ သာဓကများ မရှိကြောင်း သုတေသီများက ဝေဖန် ထောက်ပြ ထားသည်။

သုတေသီ များက e-Cigarette အသုံးပြုနေသော လူဦးရေ ၁ဝဝဝ ခန့်ကို လေးကြိမ်တိုင်တိုင် တွေ့ဆုံစမ်းသပ် မေးမြန်းစုံစမ်း ခဲ့ကြခြင်းဖြစ်ပြီး e-Cigarette အသုံးပြုသူ များသည် တစ်လအတွင်း ဆေးလိပ်ဖြတ် နိုင်ကြရာ နီကိုတင်း ကပ်ခွာ အသုံးပြု ကြသော သူများက ဆေးလိပ်ဖြတ်ရန် သုံးလမှ ခြောက်လထိ ကြာမြင့်ကြောင်း ၊ e-Cigarette သောက်သူများ အနေဖြင့် ပို၍စောစီးစွာ ဆေးလိပ်ဖြတ် နိုင်ကြသော်လည်း အမြဲတမ်း အတွက် ဖြတ်နိုင်ခြင်း မဟုတ်ဘဲ ပြန်သောက် မိတတ်ကြကြောင်း သိရသည်။

e-Cigarette သည် သမားရိုးကျ ဆေးလိပ်များတွင် ကဲ့သို့  ဆေးရွက်ကြီးကို လောင်ကျွမ်း စေသည် မဟုတ်ဘဲ နီကိုတင်း ကို အငွေ့ပြန် စေခြင်းဖြစ်ပြီး ဆေးလိပ် သောက်သူက ၄င်း နီကိုတင်းကို ရှူသွင်းရခြင်း ဖြစ်သည်။ ထို့အတွက် ခန္ဓာကိုယ်က တောင့်တသော နီကိုတင်းကို ပုံမှန်ဖြည့်တင်း ပေးနိုင်သဖြင့် ဆေးလိပ်ကို ဖြတ်နိုင် လာခြင်းဖြစ် သော်လည်း နီကိုတင်း ကိုမူ ရှူသွင်း နေကြဆဲ ဖြစ်သည်။ သို့ဖြင့် နောက်ထပ် တစ်နှစ်ခန့် ကြာသောအခါ e-Cigarette  သမား အတော် များများသည် ဆေးလိပ် ပြန်သောက်ဖြစ် ကြသည်ကို တွေ့ရှိ ရကြောင်း တိုရွန်တို တက္ကသိုလ်မှ ဒေါက်တာ ရီယက်လီဟီဘီ က ပြောပြသည်။

ထို့ပြင် e-Cigarette သည် လုံးဝ ဘေးအန္တရာယ် ကင်းရှင်းသည် မဟုတ်ဘဲ အသုံးပြုသူ များတွင် ချောင်းခြောက် ဆိုးခြင်း၊ လည်ချောင်း ယားယံခြင်း၊ အသက်ရှူ မဝခြင်းကဲ့သို့ ဘေးထွက် ဆိုးကျိုးများကို ခံစားရကြောင်း၊ ထို့ပြင် အဆုပ်ရောင်ခြင်း၊ နှလုံးခုန်မူ မမှန်ခြင်းတို့ ကိုလည်း ခံစား ရနိုင်ကြောင်း၊ နီကိုတင်း ကပ်ခွာ အသုံးပြုသူများ တွင်မူ ဖော်ပြပါ ဘေးထွက် ဆိုးကျိုးများကို မတွေ့ရကြောင်း သိရသည်။

#Yadanarpondaily

No comments:

Post a Comment