Pages

Monday, May 4, 2015

ဘဏ်လုပ်ငန်းများ၌ အသေးစား နှင့် အလတ်စား စီးပွားရေးလုပ်ငန်းများကို ပံ့ပိုးကူညီမှု ပြုလုပ်ရန် နည်းပညာကူညီမည်


အသေးစား နှင့် အလတ်စား စီးပွားရေး လုပ်ငန်းတစ်ခုကို တွေ့ရစဉ်

ရန်ကုန် ၊ ၄-၅-၂၀၁၅

မြန်မာနိုင်ငံနှင့် ဂျာမနီနိုင်ငံတို့ အကြား ဘဏ္ဍာရေးဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှု အနေဖြင့် ပြည်တွင်း ဘဏ်လုပ်ငန်း များအား အသေးစားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများ အတွက် ပံ့ပိုးမှု ပြုလုပ်ရန် ပြည်တွင်းနှင့် နိုင်ငံတကာပ ညာရှင်များမှ နည်းပညာ ကူညီမှုများကို ပြုလုပ်လျက် ရှိကြောင်း ဂျာမန် အပြည်ပြည် ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး အေဂျင်စီ (GIZ) မှ တာဝန်ရှိသူ တစ်ဦးဖြစ်သူ Mr. Thomas Forch ထံမှ သိရသည်။

လက်ရှိတွင် GIZ သည် ကမ္ဘောဇဘဏ်၊ အသေးစားနှင့် အလတ်စား စက်မှုလုပ်ငန်း ဖွံ့ဖြိုးရေးဘဏ် နှင့် ရိုးမဘဏ် တို့ကို အသေးစားနှင့် အလတ်စား စီးပွားရေးလုပ် ငန်းများအတွက် အထောက်အပံ့ ပေးနိုင်ရန် ဂျာမန် ဖွံ့ဖြိုးရေးဘဏ် (KFW) နှင့် ပူးပေါင်း ဆောင်ရွက် သွားမည်ဖြစ်ပြီး ဘဏ်လုပ်ငန်း ဆိုင်ရာ စီမံခန့်ခွဲမှုများ ပြုလုပ်ခြင်းနှင့် အဆိုပါ ဘဏ်သုံးခုမှ ရရှိလာသည့် အတွေ့အကြုံ များကို တခြားဘဏ် များသို့လည်း ပြန်လည်မျှဝေ ခြင်းများ ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံ၏ ဘဏ္ဍာရေးကဏ္ဍ ရေရှည် တည်ငြိမ်စွာ ဖွံ့ဖြိုးရေးအတွက် ဥပဒေပြု လုပ်ငန်းစဉ် များတွင် ပြည်သူ့လွှတ်တော်၊ ဘဏ်များနှင့် ငွေကြေးဆိုင်ရာ ဖွံ့ဖြိုး တိုးတက်ရေး ကော်မတီကို GIZ မှ အကူအညီ ပေးလျက် ရှိကြောင်း၊ ယခုနှစ် ဧပြီ ၂ဝ ရက် မှ ဧပြီ ၃ဝ ရက်အထိ ပြည်သူ့လွှတ်တော်၊ ဘဏ်များနှင့် ငွေကြေးဆိုင်ရာ ဖွံ့ဖြိုး တိုးတက်ရေး ကော်မတီ အဖွဲ့ဝင် ခုနစ်ဦးသည် ဂျာမန် ဗဟိုဘဏ်၊ ဥရောပ ဗဟိုဘဏ်၊ ဂျာမန် ကူးသန်း ရောင်းဝယ် ရေးဘဏ်၊ ငွေစုဘဏ်နှင့် သမဝါယမဘဏ် စနစ်များနှင့် ဂျာမန်ပါလီမန် တို့အား လေ့လာခဲ့ပြီး သိရှိလာသည့် အချက်အလက် များကို ပြည်သူ့လွှတ်တော် သို့ တင်ပြသွားမည် ဖြစ်ကြောင်း သိရသည်။

ချမ်းချမ်းကို

#Themyawadydaily



No comments:

Post a Comment