Pages

Monday, May 4, 2015

နိုင်ငံတစ်ဝန်း မြစ်ဝကျွန်းပေါ်ဒေသရှိ မြစ်ချောင်းအင်းအိုင် နှင့် ပင်လယ် ကမ်းရိုးတန်းဒေသ တို့တွင် ရေချို ရေငန် ငါးပုစွန် ဖမ်းဆီးရရှိမှု လျော့ကျလျက်ရှိ



ရန်ကုန် ၊ ၄-၅-၂၀၁၅

နိုင်ငံတစ်ဝန်း မြစ်ဝကျွန်းပါ် ဒေသရှိ မြစ်ချောင်း အင်းအိုင်များနှင့် ပင်လယ် ကမ်းရိုးတန်း ဒေသတို့တွင် ရေချို၊ ရေငန် ငါးပုစွန် ဖမ်းဆီးရရှိမှု လျော့ကျလျက် ရှိကြောင်း ငါးမွေးမြူရေး လုပ်ငန်းရှင် များနှင့် အင်းလုပ်ငန်းရှင် များ၏ ပြောကြားချက် အရ သိရသည်။

အဓိကအားဖြင့် မြန်မာ့ ကမ်းရိုးတန်းဒေသ များတွင် ရေချို ရေငန်စပ် ငါးမျိုး ဖြစ်သော ငါးသလောက် ငါးမျိုးမှာ ဖမ်းဆီးရရှိမှု အလွန် နည်းပါးလာပြီး ယင်းကဲ့သို့ လျော့ကျရခြင်းမှာ ငါးရှာဖွေ ဖမ်းဆီးသူများ အနေဖြင့် ငါးရစ် ငါးသန် ကာလတွင် ငါးဖမ်းဆီးခြင်း၊ မြစ်ချောင်းများ အတွင်း ငါးများကို ဘက်ထရီ ရှော့ခ်ရိုက် ဖမ်းဆီးခြင်း၊ ပိုးသတ်ဆေးများ အသုံးပြုကာ ဖမ်းဆီးခြင်း၊ ရေချိုရေငန် ငါးဖမ်းလုပ်ငန်း အက်ဥပဒေကို တာဝန်သိစွာ မလိုက်နာခြင်း တို့ကြောင့် ငါးများ ရှားပါးရခြင်း ဖြစ်ကြောင်း သိရသည်။

ထို့ကြောင့် မြစ်ဝကျွန်းပါ် ပင်လယ် ကမ်းရိုးတန်း ဒေသနှင့် မြစ်ချောင်း အင်းအိုင်များတွင် ယခင်က ဖမ်းဆီး ရမိသော ငါးသလောက်၊ ငါးပုဏ္ဏား၊ ငါးပုတ်သင်၊ ငါးမုတ်၊ ကသမြင်၊ ကကူရံ၊ ကကတစ်၊ ငါးဖယ်၊ ပုစွန်နှင့် ပင်လယ်ငါးခူ ငါးမျိုးစိတ်များ ဖမ်းဆီးရရှိမှုမှာ မရှိသလောက် ရှားပါး လာနေပြီ ဖြစ်ကြောင်း ဒေသခံ ရေလုပ်သား များနှင့် ရေလုပ်ငန်းရှင် များထံမှ သိရသည်။

ရေချိုရေငန် ငါးလုပ်ငန်းနှင့် ပတ်သက်၍ စည်းကမ်း ချိုးဖောက်သူ များကို ရေချိုရေငန် ငါးလုပ်ငန်း ဥပဒေဖြင့် အရေးယူမှု ပြုလုပ် နေသော်လည်း ဝန်ထမ်းအင်အား နည်းပါးခြင်းကြောင့် နေ့စဉ် လိုက်လံ ဖမ်းဆီးနိုင်ရန် အခက်အခဲ များစွာ ရှိနေသည့် အတွက် ငါးဖမ်း လုပ်ငန်းဖြင့် အသက်မွေး ဝမ်းကျောင်း ပြုနေသူများအား ပညာပေး လုပ်ငန်းများ ကိုသာ ဦးစားပေး ဆောင်ရွက် နေရကြောင်း ငါးလုပ်ငန်း ဦးစီးဌာန မှ သိရသည်။(၄၄၃)

#Themyawadydaily

No comments:

Post a Comment