Pages

Thursday, May 21, 2015

တနင်္သာရီတိုင်းဒေသကြီး အတွင်း သဘာဝငှက်သိုက် နှင့် ဖန်တီးအိမ် ငှက်သိုက် မွေးမြူရေးအိမ်ပေါင်း ၁၃၀ ကျော်ရှိ


ဖန်တီးအိမ် တစ်ခုမှ ငှက်သိုက်ကို တွေ့ရစဉ်

မြိတ် ၊ ၂၁-၅-၂၀၁၅

တနင်္သာရီတိုင်း ဒေသကြီး မြိတ်၊ ကော့သောင်းနှင့် ဘုတ်ပြင်းမြို့နယ် တို့တွင် သဘာဝ ငှက်သိုက်နှင့် ဖန်တီးအိမ် ငှက်သိုက် မွေးမြူရေး အိမ်ပေါင်း ၁၃ဝ ကျော် ရှိကြောင်း သိရသည်။

ဇီဝဇိုးငှက် များသည် ယင်းတို့၏ အသိုက်အမြုံ များကို ၄င်းတို့၏ အာခေါင်အတွင်း မှ အဖြူရောင် အစေးများကို အန်ထုတ်ကာ လူသားများ အတွက် ဆေးဖက်ဝင် သဘာဝ ငှက်သိုက် အားဆေးများ ထုတ်လုပ်ပေးကြ သောကြောင့် စီးပွားဖြစ် ထုတ်လုပ်နိုင်ရန် မြိတ်မြို့ရှိ လူနေအိမ် တချို့၌ အထပ်မြင့် အဆောက်အအုံများ တည်ဆောက်ကာ ငှက်သိုက်များကို စီးပွားဖြစ် မွေးမြူလျက် ရှိကြောင်း သိရသည်။

အဆိုပါ ဇီဝဇိုးငှက်သိုက် တွင် ပါဝင်သည့် အင်ဇိုင်းနှင့် ဟော်မုန်းတို့သည် လူသားများ၏ ဆဲလ်များ အသစ်မွေးဖွားခြင်း ကို အထောက်အကူ ပြုပေး နိုင်သည့်အပြင် အဆုတ်၊ ကျောက်ကပ်နှင့် ဆီးလမ်းကြောင်း ဆိုင်ရာ စနစ်များကို အကျိုးပြု နိုင်သောကြောင့် ပြည်တွင်း၌ သာမက ပြည်ပနိုင်ငံများ သို့ပါ တင်ပို့ရောင်းချ နေရကြောင်း သိရသည်။

ထို့အပြင် ဇီဝဇိုးငှက်သိုက် များကို လေးလတစ်ကြိမ် ခွာယူနိုင်ကာ တစ်ပိဿာလျှင် ငွေကျပ် ၁၅ သိန်းမှ သိန်း ၂ဝ ဝန်းကျင်ခန့် ရရှိကြောင်း သိရသည်။ အမွေးများနှင့် အမှိုက်များ ပါရှိသည့် အမည်းစက် ငှက်သိုက်များထက် အဖြူရောင် ရှိသည့် ငှက်သိုက်များက ဈေးနှုန်းပိုမို ရရှိကြောင်း သိရသည်။

ဇီဝဇိုးငှက် များသည် တနင်္သာရီတိုင်း ဒေသကြီး ထားဝယ် ကမ်းခြေရှိ မော်စကို ကျွန်းတန်း၊ လောင်းလုံ ကျွန်းတန်း၊ မြိတ်ခရိုင်ရှိ မလိဒုံးကျွန်း၊ မလိတောင် ကိုင်းကျွန်း၊ မလိကျွန်းငယ်၊ မလိ ရေချိုကျွန်း၊ ရေအေး ကျွန်းမကြီး၊ ရေအေးကျွန်းငယ်၊ ဘုတ်ပြင်းမြို့နယ် ရှိ ဂျလန်း ကျောက်တောင်၊ ပိုလိုတိ ကကျွန်းများနှင့် လာငန်း ကျောက်တောင်၊ ကော့သောင်းခရိုင်ရှိ ကော့ငါးကျွန်း၊လာဆိုင်းလှကျွန်း၊ အောင်ဘာ ကျောက်တောင် များအပြင် ပင်လယ်ပြင်ရှိ  ကျွန်းကြီး အများစုတို့၌ သဘာဝ အလျောက် နေထိုင်လျက် ရှိကြောင်း သိရသည်။

နေနေ

#Themyawadydaily

No comments:

Post a Comment