Pages

Thursday, May 7, 2015

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော မြန်မာ့တပ်မတော် ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့ ပါကစ္စတန် အစ္စလာမ်မစ် သမ္မတနိုင်ငံသို့ ရောက်ရှိ


တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော မြန်မာ့တပ်မတော် ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့ ပါကစ္စတန် အစ္စလာမ်မစ် သမ္မတနိုင်ငံ ၊ အစ္စလာမ်မာဘတ်မြို့ ရှိ ဘနာဇီယာဘူတို အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိစဉ်

နေပြည်တော် ၊ ၇-၅-၂၀၁၅

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော မြန်မာ့တပ်မတော် ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့သည် ပါကစ္စတန် အစ္စလာမ်မစ် သမ္မတနိုင်ငံ ပါကစ္စတန် တပ်မတော် ပူးတွဲ စစ်ဦးစီးချုပ်များ ကော်မတီ ဥက္ကဋ္ဌ General Rashad Mahmood ၏ ဖိတ်ကြားချက် အရ မေ ၆ရက် မွန်းလွဲပိုင်းတွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ ထွက်ခွာခဲ့ကြရာ ဒေသ စံတော်ချိန် ညနေ ၅ နာရီ ၁ဝ မိနစ်တွင် ပါကစ္စတန် အစ္စလာမ်မစ် သမ္မတနိုင်ငံ၊ အစ္စလာမ်မာဘတ် မြို့ရှိ ဘနာဇီယာဘူတို အပြည်ပြည် ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိကြသည်။

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော မြန်မာ့တပ်မတော် ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့အား ပါကစ္စတန် တပ်မတော် ပူးတွဲ စစ်ဦးစီးချုပ်များ ကော်မတီ ဥက္ကဋ္ဌရုံး မှ Lt.Gen. Najib Ullah Khan, HI(M) ၊ Brig.Gen.Anas Asad ၊ Senior Liaison Officer ဖြစ်သူ Brig. Gen. Rehan ၊ မြန်မာနိုင်ငံ ဆိုင်ရာ ပါကစ္စတန် စစ်သံမှူး Col. Azhar Yasin ၊ ပါကစ္စတန်နိုင်ငံ ဆိုင်ရာ မြန်မာနိုင်ငံ သံအမတ်ကြီး ဦးဝင်းနိုင် နှင့်ဇနီး၊ မြန်မာစစ်သံ (ကြည်း၊ ရေ၊ လေ) ဗိုလ်မှူးချုပ် ဆန်းဦးလှိုင် နှင့် ဇနီးနှင့် တာဝန်ရှိသူ များက လေဆိပ်တွင် ကြိုဆိုနှုတ်ဆက် ခဲ့ကြပြီး မော်တော်ယာဉ် များဖြင့် ဆက်လက် ထွက်ခွာကြရာ ခေတ္တ တည်းခိုမည့် ဟိုတယ်သို့ ရောက်ရှိကာ ညအိပ်ရပ်နား ခဲ့ကြောင်း သိရှိရသည်။

#Themyawadydaily

No comments:

Post a Comment