Pages

Friday, May 29, 2015

အင်ဒိုနီးရှားရောက် မြန်မာရေလုပ်သား ၁၂၉ ဦး တတိယအသုတ် အဖြစ် ရန်ကုန်မြို့သို့ ထပ်မံရောက်ရှိ



ရန်ကုန် ၊ ၂၉-၅-၂၀၁၅

အင်ဒိုနီးရှား နိုင်ငံရှိ ကျွန်းများပေါ်တွင် အကြောင်း အမျိုးမျိုးဖြင့် ရောက်ရှိ နေသော မြန်မာ ရေလုပ်သား များအား မြန်မာနိုင်ငံသို့ ပြန်လည် ခေါ်ယူလျက်ရှိရာ တတိယ အသုတ်အဖြစ် ယမန်နေ့ ညပိုင်းတွင် လေကြောင်း ခရီးဖြင့် ရေလုပ်သား ၁၂၉ ဦးအား ခေါ်ဆောင် လာကြောင်း သိရသည်။

''အခုအခါမှာ အင်ဒိုနီးရှားနိုင်ငံ ရဲ့ ရာသီဥတု အခြေအနေက မိုးရွာသွန်းမှုတွေ အတော်ကို များပြား နေပါတယ်။ ဝေးလံ ခေါင်းပါးတဲ့ ကျွန်းတွေကို သွားပြီး လူစာရင်း ကောက်ရတာလည်း မလွယ်ကူ လှဘူး။ အခက်အခဲတွေ တော့ရှိပါတယ်''ဟု မြန်မာနိုင်ငံ လူကုန်ကူးမှု တားဆီး နှိမ်နင်းရေး ရဲတပ်ဖွဲ့ ရဲမှူး ရဲဝင်းအောင် က ပြောသည်။

ယခု တတိယ အသုတ်အား နိုင်ငံခြားရေး ၀န်ကြီးဌာန ညွှန်ကြားရေးမှူး ဦးစိုးသက်နောင်၊ အလုပ်သမား ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူး ဦးစိုးဝင်း၊ လူမှုဝန်ထမ်း သင်တန်းကျောင်း ကျောင်းအုပ်ကြီး ဦးအေးကျော်၊ လူကုန်ကူးမှု တားဆီး နှိမ်နင်းရေး တပ်ဖွဲ့ ဒုတိယ ရဲမှူး မိုးဦး၊ လူဝင်မှု ကြီးကြပ်ရေး နှင့် အမျိုးသား မှတ်ပုံတင်ရေး ဦးစီးဌာနမှ ကိုယ်စားလှယ်၊ IOM မှ ကိုယ်စားလှယ် များပါဝင်သော ပူးပေါင်းအဖွဲ့က သွားရောက် ခေါ်ဆောင် လာခြင်း ဖြစ်သည်။

ရေလုပ်သား ၁၂၉ ဦးအား ကျိုက်ဝိုင်း လူမှုဝန်ထမ်း ဦးစီးဌာန သင်တန်းကျောင်း ၌ ခေတ္တ ထားရှိကာ လူကုန်ကူးမှု တားဆီး နှိမ်နင်းရေး ရဲတပ်ဖွဲ့ (ဗဟို)မှ တစ်ဦးလျှင် ငွေကျပ်တစ်သိန်း၊ ကမ္ဘောဇဘဏ် အုပ်စုမှ တစ်ဦးလျှင် ငွေကျပ် ငါးသောင်းနှင့် အင်္ကျီတစ်ထည် တို့အား ထောက်ပံ့ ပေးအပ်ခဲ့သည်။ ကျန်ရှိနေသော လူဦးရေ ၁ဝဝ ကျော်ကို ဇွန်လ ပထမပတ်တွင် စတုတ္ထ အသုတ်အဖြစ် ခေါ်ဆောင် သွားမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ ရေလုပ်သား များကို ကမ္ဘောဇဘဏ် အုပ်စုနှင့် မြန်မာအမျိုးသား လေကြောင်းလိုင်း တို့ပူးပေါင်း၍ အခမဲ့ ခေါ်ဆောင် ပေးခဲ့ကြောင်း သိရသည်။

မောင်မျိုး (ဧရာဝတီ)

#Themyawadydaily

No comments:

Post a Comment