Pages

Thursday, May 7, 2015

စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်မှုများကြောင့် ညစ်ညမ်းခဲ့ရသော မန္တလေးကျုံးရေ ပြန်လည်သန့်စင်ရေး အတွက် နေ့စဉ် သန့်ရှင်းရေးပြုလုပ်



မန္တလေး ၊ ၇-၅-၂၀၁၅

ပြီးခဲ့သည့် သင်္ကြန်ကာလ အတွင်း စည်းကမ်းမဲ့ အမှိုက်များ စွန့်ပစ်မှု များကြောင့် ညစ်ညမ်းခဲ့ရသော မန္တလေးကျုံးရေ ပြန်လည် သန့်စင်ရေး အတွက် ကျုံးအတွင်း နေ့စဉ် သန့်ရှင်းရေးများ ပြုလုပ်ပေးလျက် ရှိကြောင်း မန္တလေးမြို့တော် စည်ပင် သာယာရေး ကော်မတီ ပန်းဥယျာဉ်နှင့် ကစားကွင်းဌာန မှ သိရသည်။

ထိုသို့ သန့်ရှင်းရေး ပြုလုပ်ရာတွင် နေ့စဉ် နံနက် ၆ နာရီမှ နံနက် ၁၁ နာရီအထိ ပန်းဥယျာဉ်နှင့် ကစားကွင်း ဌာနမှ ဝန်ထမ်းများက မှော်ဆယ်ယာဉ် ခုနစ်စီးဖြင့် ပြုလုပ်လျက် ရှိကြောင်း၊ ကျုံးရေတွင် ယခင်က ဗေဒါနှင့်
ရေမှော်များသာ ရှိခဲ့ပြီး လက်ရှိ အချိန်တွင် ပလတ်စတစ်အိတ်များ၊ ဘူးခွံများ၊ ပုလင်းခွံ များကြောင့် သန့်ရှင်းမှု မရှိကြောင်း မန္တလေးမြို့တော် စည်ပင် သာယာရေး ကော်မတီ ပန်းဥယျာဉ်နှင့် ကစားကွင်းဌာန မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

လက်ရှိ အချိန်တွင် မန္တလေးမြို့တော် စည်ပင် သာယာရေး ကော်မတီ အနေဖြင့် မန္တလေးကျုံး အတွင်းသို့ အမှိုက်များကို မစွန့်ပစ်စေရန် စောင့်ကြည့်မှုများ ပြုလုပ်လျက် ရှိပြီး အမှိုက် စွန့်ပစ်မှုကို တွေ့ရှိပါက ပညာပေးခြင်း နှင့် အရေးယူခြင်း များကိုလည်း ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သိရသည်။ (၄၄၇)

#Themyawadydaily

No comments:

Post a Comment