Pages

Thursday, May 7, 2015

တက္ကသိုလ်ဝင်တန်း စာမေးပွဲ အောင်လက်မှတ် နှင့် အောင်လက်မှတ်မိတ္တူများ လျှောက်ထားရန် အွန်လိုင်းမှ လျှောက်လွှာများ ထုတ်ယူနိုင်


ရန်ကုန် ၊ ၇-၅-၂၀၁၅

တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်လက်မှတ် နှင့် အောင်လက်မှတ်မိတ္တူများ လျှောက်ထားရန် လျှောက်လွှာများကို အွန်လိုင်းမှ ထုတ်ယူနိုင်ကြောင်း မြန်မာနိုင်ငံ စာစစ်ဌာနမှ သိရသည်။

တက္ကသိုလ်ဝင်တန်း စာမေးပွဲ အောင်လက်မှတ် နှင့် အောင်လက်မှတ် မိတ္တူများ ထုတ်ယူရန် လျှောက်လွှာပုံစံ များကို မြန်မာနိုင်ငံ စာစစ်ဌာန ဝက်ဘ်ဆိုက် ဖြစ်သော www.moemyanmar.net မှတစ်ဆင့် Download ပြုလုပ်၍ ဖြည့်စွက် လျှောက်ထား နိုင်ကြောင်း လျှောက်လွှာ များကို ဖြည့်စွက်၍ ရုံးအမှတ် (၅၂) မြန်မာနိုင်ငံ စာစစ်ဌာန နေပြည်တော်နှင့် မြန်မာနိုင်ငံ စာစစ်ဌာန (ရန်ကုန်ရုံးခွဲ) ဇွဲကပင်ဆောင် လှိုင်တက္ကသိုလ်ဝင်း ရန်ကုန်မြို့တို့သို့ သွားရောက် လျှောက်ထား နိုင်မည်ဖြစ်ကြောင်း သိရသည်။

ယင်းသို့ အောင်လက်မှတ် များကို လျှောက်ထားရာတွင် ဓာတ်ပုံနှစ်ပုံ၊ ပညာရေး ဝန်ကြီးဌာနသို့ ငွေသွင်း တံဆိပ်ခေါင်း ၄ဝဝ ကျပ်တန်နှင့် နိုင်ငံသား စိစစ်ရေးကတ် မိတ္တူတို့ လိုအပ်ပြီး ကိုယ်စားလှယ် ဖြင့် ထုတ်ယူလို သူများသည် ထုတ်ယူမည့် ကျောင်းသားနှင့် ကိုယ်စားလှယ် တို့၏ နိုင်ငံသား စိစစ်ရေးကတ် မိတ္တူ ကိုယ်စားလှယ် လွှဲစာများကို ယူဆောင် သွားရမည် ဖြစ်ကြောင်း သိရသည်။

အောင်လက်မှတ် ပျောက်ဆုံး၍ ပြန်လည် လျှောက်ထား လိုသူများ အနေဖြင့် အွန်လိုင်းမှ လျှောက်လွှာပုံစံကို ရယူ လျှောက်ထားနိုင်ပြီး ထုတ်သည့် အခါတွင် ကိုယ်တိုင် လာရောက် ထုတ်ယူရမည် ဖြစ်သည်။ ယခင်က ကျမ်းကျိန်လွှာ၊ ရဲစခန်း ထောက်ခံစာများ လိုအပ်သော်လည်း ယခုအခါတွင် ပညာရေး ဝန်ကြီးဌာန ၏ ပြန်တမ်းဝင် အရာရှိနှစ်ဦး၏ ထောက်ခံချက်သာ လိုအပ်ကြောင်း သိရသည်။

ထို့အပြင် အောင်လက်မှတ် မိတ္တူကို တစ်ကြိမ်သာ ထုတ်ပေးမည် ဖြစ်ပြီး ထုတ်ယူရန် ပညာရေး ဝန်ကြီးဌာန ငွေသွင်း တံဆိပ်ခေါင်း ငွေကျပ် ၁ဝဝဝ ဖိုး ဝယ်ယူ၍  လျှောက်လွှာတွင် ကပ်ပြီး အမည်၊ နိုင်ငံသား စိစစ်ရေးအမှတ်၊ အောင်မြင်သည့် ခုနှစ်၊ ပညာရေး ဝန်ကြီးဌာန အောက်ရှိ ပြန်တမ်းဝင် အရာထမ်း (အလယ်တန်း ကျောင်းအုပ် အဆင့် နှင့်အထက်) ၏ ထောက်ခံချက်၊ ပျောက်ဆုံးသည့် အကြောင်းအရင်း နှင့် ဝန်ခံချက်တို့ကို ရေးသားပြီး လိုအပ်ချက်များ ဖြည့်စွက်ကာ ဓာတ်ပုံနှစ်ပုံဖြင့် လျှောက်ထား နိုင်ကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment