Pages

Tuesday, May 5, 2015

ဖုန်းမှတစ်ဆင့် ခြိမ်းခြောက်နှောင့်ယှက်ခြင်း များကို အမှုဖွင့်ပြီးလျှင် အော်ပရေတာများက နှောင့်ယှက်သူကို ဖော်ထုတ်ပေးမည်



ရန်ကုန် ၊ ၅-၅-၂၀၁၅

မြန်မာနိုင်ငံ၌ ပြည်တွင်း ပြည်ပ မိုဘိုင်းလ် အော်ပရေတာ များက အပြိုင် ဝန်ဆောင်မှု ပေးလာချိန်တွင် မိုဘိုင်းလ် ဆင်းကတ်များကို အလွယ်တကူ ဝယ်ယူ နိုင်လာပြီး ဖုန်းမှတစ်ဆင့် ခြိမ်းခြောက် နှောင့်ယှက်မှုများ အတွက် သက်ဆိုင်ရာ ရဲစခန်း၌ အမှုဖွင့် တိုင်ကြား နိုင်သည်။ အမှုဖွင့်ပြီးပါက ခြိမ်းခြောက် နှောင့်ယှက် လာသည့် ဖုန်းနံပါတ် များကို သက်ဆိုင်ရာ အော်ပရေတာ များက စစ်ဆေးပြီး နှောင့်ယှက်သူကို ဖော်ထုတ်ပေး နိုင်ကြောင်း ပြည်တွင်း၌ ဝန်ဆောင်မှု ပေးနေသည့် အော်ပရေတာ များထံမှ သိရသည်။

ပြည်တွင်း ဝန်ဆောင်မှု ပေးနေသည့် အူရီဒူး မြန်မာ ၏ အကြီးတန်း ပြန်ကြားရေးနှင့် ပြင်ပ ဆက်ဆံရေး မန်နေဂျာ ဒေါ်သီရိ ကြာညို က ''အူရီဒူး အနေနဲ့ ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့နဲ့ ချိတ်ဆက်ထားပြီး ဖုန်းကနေ ခြိမ်းခြောက် နှောင့်ယှက်မှု တွေကို ဖော်ထုတ်ဖို့ ရဲအုပ်သုံးဦးနဲ့ တိုက်ရိုက် ချိတ်ဆက် ထားပါတယ်။ လုပ်ထုံး လုပ်နည်း အတိုင်း အမှုဖွင့်ပြီးပြီ ဆိုရင် အော်ပရေတာ ဘက်က ဖုန်းကနေ တစ်ဆင့် ခြိမ်းခြောက် နှောင့်ယှက် သူရဲ့ အချက်အလက် တွေကို ထုတ်ဖော်ပေးလို့ ရပါတယ်။ တရားခံ ဘယ်သူလဲ ဆိုတာကို သိနိုင်ဖို့ အတွက် နည်းလမ်းေ ပါင်းစုံနဲ့ ခြေရာခံ လိုက်နိုင် ပါတယ်'' ဟု ဆိုသည်။

ဖုန်းမှတစ်ဆင့် ခြိမ်းခြောက် နှောင့်ယှက်မှု များကို ၂ဝ၁၃ ခုနှစ်တွင် ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၆ (က) ဖြင့် အမှုဖွင့် အရေးယူ နိုင်ပြီး ထောင်ဒဏ် သုံးနှစ်အထိ ပြစ်ဒဏ် ချမှတ်နိုင်သည့် အပြင် ငွေဒဏ်လည်း ချမှတ် နိုင်ကြောင်း၊ ၄င်း ဥပဒေပုဒ်မဖြင့် ပိုင်ရှင်၏ ခွင့်ပြုချက် မရဘဲ ဆက်သွယ်ရေး ကွန်ရက်ထဲသို့ ဝင်ရောက် နှောင့်ယှက်မှုများ အတွက် အမှုဖွင့် အရေးယူ နိုင်ကြောင်း သိရသည်။ ဖုန်းမှတစ်ဆင့် ခြိမ်းခြောက် နှောင့်ယှက်မှု များကို တိုင်ကြား အမှုဖွင့်ခြင်း များလည်း ရှိခဲ့သည်ဟု ၄င်းက ဆက်လက် ပြောသည်။

ဖုန်းမှတစ်ဆင့် နှောင့်ယှက်ခံရသူ အသက် ၂ဝ အရွယ် အမျိုးသမီး တစ်ဦးက ''ကိုယ့်နံပါတ်ကို သိလို့ မဟုတ်ဘူး။ ဆက်ကြည့်ပြီး မိန်းကလေးမှန်း သိလို့ နှောင့်ယှက်နေတာ။ ဖုန်းဆက်တယ်။ မက်ဆေ့ခ်ျတွေ ပို့တယ်။ အဲဒီနံပါတ်ကို Block လိုက်တော့ နောက်တစ်လုံးနဲ့ ထပ်ဆက်လာတယ်။ ဖုန်းဆင်းကတ်က ငွေကျပ် ၁၅ဝဝ ပေးရင် ဘယ်မှာ ဝယ်ဝယ် ရနေတော့ ဒီလိုမျိုး ဖြစ်လာတယ်လို့ ထင်ပါတယ်'' ဟု ၄င်း၏ အမြင်ကို ပြောသည်။

မောင်မျိုး

#Themyawadydaily

No comments:

Post a Comment