Pages

Thursday, April 2, 2015

လက်ထောက်ဆရာဝန် (သစ်လွင်)နှင့် သွားဘက်ဆိုင်ရာ ဆရာဝန် (သစ်လွင်)များ တာဝန်ပေးအပ်ခြင်း အခမ်းအနားကျင်းပ


မကွေး၊ ၂-၄-၂၀၁၅

မကွေးတိုင်း ဒေသကြီး အစိုးရအဖွဲ့ အစီအစဉ်ဖြင့် ခန့်ထားသော လက်ထောက် ဆရာဝန်(သစ်လွင်)နှင့် သွားဘက်ဆိုင်ရာ ဆရာဝန် (သစ်လွင်)များ တာဝန် ပေးအပ်ခြင်း အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီက တိုင်းဒေသကြီး ကျန်းမာရေး ဦးစီးဌာနရုံး အစည်းအဝေး ခန်းမ၌ ကျင်းပသည်။

အခမ်းအနားသို့ တိုင်းဒေသကြီး ၀န်ကြီးချုပ် နှင့်အတူ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ကျန်းမာရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ တိုင်းဒေသကြီး ကျန်းမာရေး ဦးစီးမှူးနှင့် ဆေးရုံများမှ ဆေးရုံအုပ်များ၊ လက်ထောက် ဆရာဝန် (သစ်လွင်)နှင့် သွားဘက်ဆိုင်ရာ ဆရာဝန် (သစ်လွင်)များ တက်ရောက် ကြသည်။

ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဘုန်းမော်ရွှေ က အမှာစကား ပြောကြားပြီး ကျန်းမာရေး ဝန်ကြီးဌာန ညွှန်ကြားရေးမှူး ဒေါက်တာ သီတာလှ နှင့် တိုင်းဒေသကြီး ကျန်းမာရေး ဦးစီးမှူး ဒေါက်တာ ထွန်းမြင့် တို့ကဆရာဝန်(သစ်လွင်) များအား ကျန်းမာရေး ဝန်ကြီးဌာနနှင့် ပတ်သက်၍ လည်းကောင်း၊ တိုင်းဒေသကြီး အတွင်း ဆေးရုံများ အခြေအနေနှင့် ဆရာဝန်များ၏ လိုက်နာရမည့် စည်းကမ်းများ ကိုလည်းကောင်း အသေးစိတ် ရှင်းလင်း ပြောကြားသည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဘုန်းမော်ရွှေ က အလုပ်တာဝန် ပေးအပ်လွှာများ ပေးအပ်ရာ လက်ထောက် ဆရာဝန်များ ကိုယ်စား ဆရာဝန်တစ်ဦး ကလည်းကောင်း၊ သွားဘက်ဆိုင်ရာ ဆရာဝန်များ ကိုယ်စား ဆရာဝန်တစ်ဦး ကလည်းကောင်း လက်ခံ ရယူပြီး ဆရာဝန် (သစ်လွင်)များ ကိုယ်စား ဆရာဝန် တစ်ဦးက ကျေးဇူးတင်စကား ပြောကြားသည်။

မကွေးတိုင်း ဒေသကြီး အစိုးရအဖွဲ့ အစီအစဉ်ဖြင့် ခန့်အပ်သော လက်ထောက် ဆရာဝန်၊ သွားဘက်ဆိုင်ရာ ဆရာဝန် (သစ်လွင်) များကို ပြည်ထောင်စု ရာထူးဝန် အဖွဲ့၏ လုပ်ထုံးလုပ်နည်း များနှင့်အညီ စိစစ် ရွေးချယ်၍ အောင်မြင်သူ များကို ဗဟိုဝန်ထမ်း တက္ကသိုလ် (ဖောင်ကြီး)တွင် သင်တန်း တက်ရောက် စေခဲ့ကာ သင်တန်း အောင်မြင်သူ လက်ထောက် ဆရာဝန် (သစ်လွင်) ၁၆၈ ဦး၊ သွားဘက်ဆိုင်ရာ ဆရာဝန် (သစ်လွင်) ၁၂ ဦးအား အလုပ်တာဝန် ခန့်အပ်ပြီး တိုင်းဒေသကြီး အတွင်းရှိ တိုင်းဒေသကြီး/ ခရိုင်ဆေးရုံကြီး များနှင့် သင်ကြားရေး ဆေးရုံကြီး များ၌ တာဝန်ချထား ပေးကြောင်း သိရသည်။

သန်းနိုင်ဦး (ငဖဲ)

#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment