Pages

Thursday, April 2, 2015

(၇) ကြိမ်မြောက် သျှစ်သောင်း ထုက္ကန်သိမ် နှင့် အံတော်သိမ်ဘုရားပွဲ ကျင်းပ


ရခိုင်ပြည်နယ် သျှစ်သောင်း ဘုရားပွဲ

မြောက်ဦး ၊ ၂-၄-၂ဝ၁၅

ရခိုင်ပြည်နယ် မြောက်ဦးမြို့ ရှေးဟောင်း ယဉ်ကျေးမှု နယ်မြေရှိ အထင်ကရ စေတီပုထိုးများ ဖြစ်သည့် သျှစ်သောင်း၊ ထုက္ကန်သိမ် နှင့် အံတော်သိမ် ဘုရားပွဲများကို (၈၇) ကြိမ်မြောက် အဖြစ် မေ ၂ ရက်မှ ၆ ရက်အထိ ကျင်းပမည် ဖြစ်ကြောင်း သိရသည်။

ရခိုင်ပြည်နယ်၌ သျှစ်သောင်း ဘုရားပွဲ ကို နှစ်စဉ် ကျင်းပနိုင်ခဲ့ပြီး ပြည်နယ်တွင်း ဒေသများ ဖြစ်သည့် ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တော နယ်စပ်ဒေသ များမှ ဘုရားဖူး ဧည့်သည်များ ပုံမှန် လာရောက်လျက် ရှိကြောင်း သိရသည်။

အဆိုပါ ဘုရားပွဲတွင် မြို့နယ်လုံးကျွတ် ဘောလုံးပွဲကို စတင် ကျင်းပမည်ဖြစ်ပြီး ပွဲတော်ကာလ အတွင်း ပဋ္ဌာန်းပွဲ၊ ကဆုန် ညောင်ရေသွန်းပွဲ၊ ရခိုင်ရိုးရာ ပြိုင်လောင်းပွဲ၊ ရခိုင်ရိုးရာ ကျင်ကိုင်ပွဲ၊ ရခိုင်ရိုးရာ ယဉ်ကျေးမှု ကဇာတ်နှင့် ဇာတ်သဘင်ပွဲများ ဈေးရောင်းပွဲတော် များဖြင့် ကျင်းပ သွားမည် ဖြစ်ကြောင်း သျှစ်သောင်း ဘုရားဂေါပက အဖွဲ့ဝင်တစ်ဦး က ပြောသည်။

လက်ရှိအချိန်တွင် မြောက်ဦးမြို့ ရှေးဟောင်း ယဉ်ကျေးမှု နယ်မြေကို ယူနက်စကို စာရင်းဝင်ဒေသ အဖြစ် သတ်မှတ်ရန် နည်းပညာ ဆိုင်ရာ တိုင်းတာ တွက်ချက်မှုများ စတင် လုပ်ဆောင်နေပြီး မြောက်ဦးရှိ နန်းတော်ရာ ကုန်းပတ်လည်ကို ခြံခတ် ထိန်းသိမ်းခြင်း၊ သျှစ်သောင်း ပုထိုးတော်ကြီး၊ မနုမကန်နှင့် မင်းသားကျွန်း တံတိုင်းများကို ထိန်းသိမ်းခြင်း နှင့် တခြား လိုအပ်သည့် နေရာများ ကိုလည်း ပြန်လည် ထိန်းသိမ်း မွမ်းမံခြင်းများ လုပ်ဆောင်လျက် ရှိကြောင်း သိရသည်။ (၄၄၇)

#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment