Pages

Monday, April 6, 2015

ရန်ကုန်တက္ကသိုလ်တွင် ဂျပန်စာနှင့် ဂျပန်ယဉ်ကျေးမှုဆိုင်ရာများ တိုးချဲ့သင်ကြား ပေးမည်


ရန်ကုန် ၊ ၆-၄-၂၀၁၅

ရန်ကုန်တက္ကသိုလ် နှင့် တိုကျိုတက္ကသိုလ် တို့ ပူးပေါင်း၍ ရန်ကုန်တက္ကသိုလ် ရှိ မြန်မာစာ ဌာန၌ သာမက တခြားဌာန များ၌ပါ ဂျပန်စာ နှင့် ဂျပန် ယဉ်ကျေးမှု ဆိုင်ရာများကို တိုးချဲ့ သင်ကြား ပေးမည် ဖြစ်ကြောင်း သိရသည်။
.
တိုကျို တက္ကသိုလ်မှ ဂျပန်စာများကို အဓိက သင်ကြား ပေးလိုသော ဌာနမှာ မြန်မာစာဌာန ဖြစ်သော်လည်း လက်ရှိတွင် မြန်မာစာဌာန သာမက မနုဿဗေဒဌာန၊ ဥပဒေဌာနနှင့် ဒဿနိက ဌာနတို့၌ပါ တိုးချဲ့သင်ကြား ပေးနေပြီ ဖြစ်သည်။
.
ထို့အပြင် တက္ကသိုလ်ရှိ ကျောင်းသားများ၏ စာသင်ချိန် များကို မထိခိုက်စေရန် စာသင်ချိန် ပြီးဆုံးချိန်မှသာ ယင်း ဂျပန်စာ သင်တန်းကို သင်ကြားပေးခြင်း ဖြစ်ပြီး တိုကျို တက္ကသိုလ်မှ အငြိမ်းစား ပါမောက္ခ အိုကူဒိုင်းရ ကိုယ်တိုင် သင်ကြား ပေးနေခြင်း ဖြစ်ပြီး ယခုအချိန်တွင် ပါမောက္ခ ဆရာမတစ်ဦး ထပ်မံရောက်ရှိ နေပြီဖြစ်၍ အတန်းချိန် များကိုလည်း ထပ်မံတိုးချဲ့ သင်ကြားလျက် ရှိကြောင်း သိရသည်။
.
လက်ရှိတွင် ဂျပန်စာ သင်ကြားနေသည့် ကျောင်းသားများမှာ ဌာနလေးခုမှ စုစုပေါင်း ကျောင်းသား ဦးရေ ၆ဝ ခန့်ရှိပြီး ဌာနအသီးသီး မှ ဆရာ၊ ဆရာမ ၁ဝ ဦးခန့် ဝင်ရောက် သင်ယူလျက် ရှိကြောင်း သိရသည်။
.
အဆိုပါ တက္ကသိုလ်နှစ်ခု တို့သည် ၂ဝ၁၄ ခုနှစ်အတွင်းက ရန်ကုန် တက္ကသိုလ်၌ တိုကျို နိုင်ငံခြား ပညာရပ်များ လေ့လာရေး တက္ကသိုလ် ရုံးခန်းဖွင့်လှစ်ရန် နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုး ထားခဲ့ကာ ၂ဝ၁၅ ခုနှစ် ဇန်နဝါရီလက ရုံးခန်းဖွင့်လှစ် ပြီးစီးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
.
မင်းမင်း
.
#Themyawadydaily

No comments:

Post a Comment