Pages

Thursday, April 23, 2015

ပြည်တွင်းသုံးစွဲရန် ဓာတ်ငွေ့အလုံအလောက် ထုတ်လုပ်လာနိုင်သဖြင့် ကမ်းလွန် လုပ်ကွက်များမှ ရယူမှုလျော့ကျလာ


ရန်ကုန် ၊ ၂၃-၄-၂၀၁၅

ရွှေသဘာဝ ဓာတ်ငွေ့ လုပ်ကွက်
ကုန်းတွင်း သဘာဝဓာတ်ငွေ့  ကိုယ်ပိုင် လုပ်ကွက်များမှ ပြည်တွင်း သုံးစွဲရန် ဓာတ်ငွေ့ အလုံအလောက် ထုတ်လုပ် လာနိုင်သဖြင့် ကမ်းလွန် လုပ်ကွက်များမှ ရယူမှု လျော့ကျလာကြောင်း မြန်မာ့ရေနံနှင့် သဘာဝ ဓာတ်ငွေ့ လုပ်ငန်းမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

တရုတ်နိုင်ငံက ဓာတ်ငွေ့ သုံးစွဲမှု လျှော့ချခြင်းနှင့် ပြည်တွင်း၌ ဓာတ်ငွေ့ပိုလျှံ နေခြင်းကြောင့် ဒေဝူးကုမ္ပဏီ မှ ရွှေသဘာဝ ဓာတ်ငွေ့ လုပ်ကွက်တွင် ယခင် ကုဗပေသန်း ၅ဝဝ ထုတ်နေရာမှ ယခု သန်း ၄ဝဝ အထိ လျှော့ချ ထုတ်လုပ် နေကြောင်း မြန်မာ့ရေနံ နှင့် သဘာဝ ဓာတ်ငွေ့လုပ်ငန်း မှ သိရသည်။

ထို့အပြင် ပြည်တွင်း လျှပ်စစ် ဓာတ်အားအတွက် နွေရာသီတွင် သဘာဝ ဓာတ်ငွေ့ဖြင့် ပေးသော်လည်း မိုးရာသီတွင် ရေအား လျှပ်စစ်ဖြင့် ပေးသောကြောင့် ဓာတ်ငွေ့ သုံးစွဲမှု လျော့ကျခြင်း ဖြစ်ကြောင်း သိရသည်။

ရွှေသဘာဝ ဓာတ်ငွေ့ လုပ်ကွက်သည် သဘာဝ ဓာတ်ငွေ့ကို ယခင်က ပြည်တွင်းမှ ကုဗပေသန်း ၁ဝဝ ဝယ်ယူနေရာမှ ယခု သန်း ၃ဝ ခန့်သာ ဝယ်ယူပြီး တရုတ်ကလည်း ကုဗပေသန်း ၄ဝဝ ဝယ်ယူ နေရာမှ ယခု သန်း ၃၇ဝ ခန့်သာ ဝယ်ယူနိုင်တော့ သဖြင့် ဒေဝူးကုမ္ပဏီ အနေဖြင့် ကုဗပေသန်း ၁ဝဝ ခန့် လျှော့ထုတ် နေရကြောင်း သိရသည်။

တရုတ်နိုင်ငံသို့ တင်ပို့မှုများ လျှော့ချ ခဲ့သော်လည်း ဇောတိက လုပ်ကွက်မှ ထိုင်းနိုင်ငံသို့ တင်ပို့မှု များသည် ပုံမှန်သာ ဖြစ်ကြောင်း၊ မုတ္တမ ပင်လယ်ကွေ့ ရှိ ရတနာလုပ်ကွက် မှ ပြည်တွင်း အတွက် ကုဗပေ ၂၂၅ သန်း ရောင်းချပေးရန် စီစဉ် ထားသော်လည်း သန်း ၁၇ဝ နှင့် ၁၈ဝ ကြားသာ ဝယ်ယူ နိုင်သောကြောင့် တခြား ဝယ်ယူမည့် ကုမ္ပဏီ များကို ရောင်းချ နေရကြောင်း သိရသည်။

ရဲတံခွန် လုပ်ကွက်သည် ဓာတ်ငွေ့ တူးဖော်မှု ၁၄ နှစ် ကြာလာ သောကြောင့် ဓာတ်ငွေ့ ထုတ်လုပ်မှု လျော့နည်းခဲ့ပြီး မူလက ကုဗပေသန်း ၄၅ဝ မှ ယခုအခါ ကုဗပေ သန်း ၃၅ဝ ခန့်သာ ထုတ်လုပ် နိုင်တော့ကြောင်း သိရသည်။ (၄၄၃)

#Themyawadydaily

No comments:

Post a Comment