Pages

Wednesday, April 22, 2015

သရက်သီးအနုများ ဆေးတို့ ရောင်းချခြင်း မပြုရန်အသိပေး


မူဆယ် ၊ ၂၂-၄-၂၀၁၅

မရင့်သေးသော သရက်သီး အနုများကို ဆေးတို့ ရောင်းချခြင်းသည် ရေရှည်တွင် သရက်သီး ဈေးကွက်ကို ထိခိုက် နိုင်သဖြင့် သရက်သီးများအား သဘာဝအတိုင်း ရင့်မှည့်အောင် ထားပြီးမှ ပြည်ပ ဈေးကွက်သို့ တင်ပို့ရန် မူဆယ်မြို့ရှိ ၁ဝ၅ မိုင် သစ်သီးဝလံ ကုန်စည်ဒိုင်မှ သရက်သီး စိုက်ပျိုး ရောင်းချသော တောင်သူများ ထံသို့ အသိပေး ထားကြောင်း သိရသည်။

ရာသီပေါ်သီးနှံ များအား ဈေးကွက် ဝယ်လိုအား ကြည့်၍ စိုက်ပျိုးသူများက ဈေးကောင်းရရန် ဓာတုဆေးဝါးများ အသုံးပြုကာ အသီးအနှံ များအား ဝင်းမှည့်စေရန် ပြုလုပ်ပြီး ရောင်းဝယ်မှုများ ရှိသဖြင့် ရာသီချိန် မဟုတ်ဘဲ သရက်သီး မှည့်များ ဈေးကွက်သို့ ဝင်ရောက်လာခြင်း ဖြစ်သည်။ သဘာဝလွန် နည်းပညာ များဖြင့် စီမံပြုလုပ် ရောင်းဝယ်မှု များကြောင့် မူဆယ်မြို့တွင် သရက်သီး ဈေးကွက် ပျက်သုဉ်းမှုများ ရှိခဲ့ကြောင်း သိရသည်။

သရက်သီးသည် သဘာဝအရ ရာသီဥတု အေး၍ ခြောက်သွေ့မှသာ အထွက်နှုန်း ကောင်းမည် ဖြစ်သည်။ ယခုနှစ်တွင် မိုးနှောင်း ကောင်း၍ ရံဖန်ရံခါ မိုးရွာမှုကြောင့် အထွက်နည်း ရခြင်းဖြစ်ပြီး အခါမဲ့မိုးများ ရွာသွန်းမှုကြောင့် မြန်မာ့သရက်များ ပိုးမွှား ကျရောက်မှုများ ရှိနိုင်ကြောင်း သိရသည်။

ပြည်ပသို့ တင်ပို့သော စိန်တစ်လုံး သရက်သည် မြန်မာနိုင်ငံ အထက်ပိုင်းတွင် စတင် စိုက်ပျိုးခဲ့ခြင်း ဖြစ်ပြီး သရက်မျိုး များကို ရနိုင်သမျှ စုဆောင်းကာ သရက်သီး အရည်အသွေးအား သုတေသနပြု ခဲ့ရာမှ အရည်အသွေး ကောင်းမွန်သည့် သရက်မျိုး အဖြစ် စတင်ဖော်ထုတ် နိုင်ခဲ့ခြင်းဖြစ်သည်။ ယခုအခါ နိုင်ငံ အနှံ့အပြားတွင် စိုက်ပျိုးလျက် ရှိပြီး ပြည်တွင်း သာမက ပြည်ပသို့ပါ တင်ပို့ရောင်းချ လျက်ရှိကြောင်း သိရသည်။

ဝန်းရံခ

#Themyawadydaily

No comments:

Post a Comment