Pages

▼

Tuesday, April 28, 2015

အမျိုးသမီး ကွန်ပျူတာဒီပလိုမာ တပ်ကြပ်ကြီး/စာရေး သင်တန်း အမှတ်စဉ်(၂) ဖွင့်ပွဲကျင်းပ


စစ်ရေးချုပ် ဗိုလ်ချုပ် ဆန်းဦး အမျိုးသမီး ကွန်ပျူတာ ဒီပလိုမာ တပ်ကြပ်ကြီး/ စာရေး 
သင်တန်းဖွင့်ပွဲသို့ တက်ရောက်လာကြသော သင်တန်းသူ များအား ရင်းရင်းနှီးနှီး နှုတ်ဆက်စဉ်

နေပြည်တော် ၊ ၂၈-၄-၂၀၁၅

အမျိုးသမီး ကွန်ပျူတာ ဒီပလိုမာ တပ်ကြပ်ကြီး / စာရေးသင်တန်း အမှတ်စဉ်(၂) သင်တန်း ဖွင့်ပွဲကို ယမန်နေ့ နံနက်ပိုင်းတွင် ရန်ကုန်တိုင်း ဒေသကြီး၊ တပ်မတော်(ကြည်း) ဗိုလ်သင်တန်းကျောင်း (မှော်ဘီ)ရှိ ပြည်ထောင်စု ခန်းမ၌ ကျင်းပ ပြုလုပ်ရာ အခမ်းအနားသို့ ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း) မှ စစ်ရေးချုပ် ဗိုလ်ချုပ်ဆန်းဦး နှင့် တပ်မတော် အရာရှိကြီးများ တက်ရောက် ကြသည်။

ရှေးဦးစွာ စစ်ရေးချုပ် ဗိုလ်ချုပ် ဆန်းဦး က သင်တန်းဖွင့် အမှာစကား ပြောကြားပြီး သင်တန်းသူ များအား ရင်းရင်းနှီးနှီး လိုက်လံ နှုတ်ဆက်သည်။ အဆိုပါ သင်တန်းအား တက္ကသိုလ်ဝင် စာမေးပွဲ အောင်မြင်သူ အမျိုးသမီး သင်တန်းသူ ၂၁၉ ဦးဖြင့် သင်တန်း ကာလ ရက်သတ္တ ၇၇ ပတ်ကြာ သင်ကြား ပို့ချသွားမည် ဖြစ်ပြီး အမျိုးသမီး ကွန်ပျူတာ ဒီပလိုမာ သင်တန်း အမှတ်စဉ်(၁) ကို ၂ဝ၁၄ ခုနှစ်မှစ၍ ဖွင့်လှစ်ခဲ့ကြောင်း သိရှိရသည်။

#Themyawadydaily

No comments:

Post a Comment