Pages

Tuesday, April 28, 2015

ဘွဲ့ရအမျိုးသမီး ဗိုလ်လောင်းသင်တန်း အမှတ်စဉ်(၂) သင်တန်းဖွင့်ပွဲ ကျင်းပ


ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) မှ စစ်ရေးချုပ် ဗိုလ်ချုပ် ဆန်းဦး 
တပ်မတော်(ကြည်း) ဗိုလ်သင်တန်းကျောင်း (မှော်ဘီ) ဘွဲ့ရ အမျိုးသမီး ဗိုလ်လောင်းသင်တန်း 
အမှတ်စဉ်(၂) သင်တန်းဖွင့်ပွဲ အခမ်းအနားတွင် အမှာစကား ပြောကြားစဉ်


နေပြည်တော် ၊ ၂၈-၄-၂၀၁၅

တပ်မတော်(ကြည်း) ဗိုလ်သင်တန်းကျောင်း (မှော်ဘီ) ဘွဲ့ရ အမျိုးသမီး ဗိုလ်လောင်းသင်တန်း အမှတ်စဉ်(၂) သင်တန်းဖွင့်ပွဲ အခမ်းအနား ကို ယမန်နေ့ နံနက် ၈ နာရီတွင် ရန်ကုန်တိုင်း ဒေသကြီး၊ မှော်ဘီတပ်နယ် ရှိ အဆိုပါ သင်တန်းကျောင်း ပြည်ထောင်စု ခန်းမ၌ ကျင်းပ ပြုလုပ်ရာ အခမ်းအနားသို့ ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း) မှ စစ်ရေးချုပ် ဗိုလ်ချုပ် ဆန်းဦး နှင့် မှော်ဘီတပ်နယ်မှ တပ်မတော် အရာရှိကြီးများ၊ တပ်မတော် (ကြည်း) ဗိုလ်သင်တန်းကျောင်း (မှော်ဘီ) ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ် ဝင်းကိုကို နှင့် တာဝန်ရှိသူများ တက်ရောက် ကြသည်။

အခမ်းအနားတွင် စစ်ရေးချုပ် ဗိုလ်ချုပ် ဆန်းဦး က သင်တန်းဖွင့် အမှာစကား ပြောကြားပြီး သင်တန်းသူ များကို ရင်းရင်းနှီးနှီး လိုက်လံ နှုတ်ဆက်သည်။ ဘွဲ့ရ အမျိုးသမီး ဗိုလ်လောင်း သင်တန်း အမှတ်စဉ် (၂)ကို သင်တန်းကာလ ကိုးလကြာ သင်ကြားပို့ချ သွားမည်ဖြစ်ပြီး အမျိုးသမီး ဗိုလ်လောင်း သင်တန်း အမှတ်စဉ်(၁)ကို ၂ဝ၁၄ ခုနှစ်မှစ၍ ပြန်လည် ဖွင့်လှစ်ခဲ့ကြောင်း သိရှိရသည်။

#Themyawadydaily



No comments:

Post a Comment