Pages

Wednesday, April 1, 2015

ပခန်းကျောင်းတော် နှင့် ယဉ်ကျေးမှု အမွေအနှစ်များရှိသော ပခန်းကြီးမြို့ဟောင်းဈေးတွင် ဈေးဆိုင်ခန်းများ မရှိသေး



ရေစကြို ၊ ၁-၄-၂၀၁၅

မကွေးတိုင်း ဒေသကြီး ရေစကြိုမြို့နယ် ပခန်းကြီး ကျေးရွာသည် ကုန်းဘောင်ခေတ် အထိ မင်းနေပြည်တော် မှ အားထားရသော နယ်စားမြို့ ဖြစ်ပြီး ယခုအခါ ရွာကြီး တစ်ရွာမျှသာ ဖြစ်တည် နေကြောင်း သိရသည်။

ပခန်းကြီး မြို့ဟောင်းတွင် အထင်ကရ သမိုင်း အမွေအနှစ် များကို ယခုထိ မြင်တွေ့ နေရဆဲ ဖြစ်ပြီး အလောင်းစည်သူ မင်းကြီး တည်ထား ကိုးကွယ်ခဲ့သော တန်ခိုးကြီး စည်သူရှင် ဘုရားနှင့် သာသနိက အဆောက်အအုံ များ၊ တိုင်ပေါင်း ၂၅၄ တိုင်ဖြင့် ၁၂၃ဝ ပြည့်နှစ်က ဆောက်လုပ် ထားသည့် ပခန်းကျောင်းတော် နှင့် ရှေးဟောင်း သုတေသန ပြတိုက် စသည့် ယဉ်ကျေးမှု အမွေအနှစ်များ ရှိသောကြောင့် နိုင်ငံခြားသား ကမ္ဘာလှည့် ခရီးသွားများ နေ့စဉ်ဝင်ထွက် သွားလာနေသော ရှေးမြို့ဟောင်း လည်း ဖြစ်သည်။

ယခုအခါ နိုင်ငံတော်မှ တိုက်နယ် ဆေးရုံ၊ စာတိုက်၊ ရဲစခန်း၊ မီးသတ်စခန်း စသည့်မြို့ပြ အင်္ဂါရပ် များကို ဖြည့်ဆည်း ဆောင်ရွက် ပေးထားပြီ ဖြစ်သည်။ 

သို့သော် ပခန်းကြီးဒေသ ပြည်သူများ နေ့စဉ်ချက်ပြုတ် စားသောက်စရာများ ရောင်းချသောဈေး (ပုံ)မှာ ယာဉ်အမျိုးမျိုး တို့ ဥဒဟိုသွားလာ နေသော ကားလမ်းဘေး ဝဲ၊ ယာများတွင် ခင်းကျင်း ရောင်းချလျက် ရှိရာ ကျန်းမာရေး ရှုထောင့်က ကြည့်လျှင် မသင့်တော် သကဲ့သို့ နေ့စဉ်ဝင်ထွက် သွားလာနေသော နိုင်ငံခြားသား ခရီးသွားများ အတွက်လည်း အမြင် မတင့်ဖွယ် အထင်သေးစရာ ဖြစ်သည်။ ထို့ကြောင့် ဒေသခံ ဈေးသည်များက ဈေးဆိုင်ခန်းများ ဆောက်လုပ် ပေးရန် လိုလားလျက် ရှိကြောင်း သိရသည်။ (၁၄၈)

#Yadanarpondaily
#ရတနာပုံနေ့စဉ်

No comments:

Post a Comment