Pages

Sunday, April 5, 2015

စိုက်ပျိုးရက်သက်တမ်း ၁၁၅ ရက်ဖြင့် နေရာဒေသမရွေး စိုက်ပျိုးထုတ်လုပ် နိုင်မည့် မျိုးရိုးဗီဇပြုပြင်ထားသော ပေါ်ဆန်းမျိုးစပါး ဖြန့်ဖြူးပေးမည်


ရန်ကုန် ၊ ၅-၄-၂၀၁၅

မြန်မာ့မျိုးရင်း ဖြစ်သည့် ပေါ်ဆန်း မျိုးစပါးကို မျိုးရိုးဗီဇ ပြုပြင်ပြောင်းလဲ၍ စိုက်ပျိုးရက် သက်တမ်း ၁၁၅ ရက်ဖြင့် နေရာဒေသ မရွေး စိုက်ပျိုးထုတ် လုပ်နိုင်သော အထွက်တိုးစပါး အဖြစ် လယ်ယာ စိုက်ပျိုးရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်တို့ ပူးပေါင်း၍ စမ်းသပ် ထုတ်လုပ်ခဲ့ပြီး တောင်သူများသို့ ဖြန့်ဖြူးပေး သွားမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ ပေါ်ဆန်း မျိုးစပါးသည် ထိပ်တန်း ဈေးကွက်ဝင် ဆန်တစ်မျိုး ဖြစ်ပြီး နေရာဒေသနှင့် ရေမြေ ရာသီဥတု ကွာဟချက် ပေါ်တွင် မူတည်၍ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် စိုက်ပျိုးထုတ်လုပ် နိုင်မှု မရှိခြင်းကြောင့် ၂ဝ၁၃ ခုနှစ်က စတင်၍ မျိုးဗီဇ ဓာတ်ခွဲစမ်းသပ် ထုတ်လုပ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံ၏ အထင်ကရ စပါးမျိုးစိတ် ဖြစ်သော ပေါ်ဆန်းအပြင် ပုဂ္ဂလိက ကဏ္ဍမှ လိုအပ်နေသည့် ဆင်းသွယ်လတ်၊ ရတနာတိုး နှင့် ရွှေဝါထွန်း အပါအဝင် ဒေသနှင့် ကိုက်ညီသော စပါးမျိုးစိတ် တစ်ဒါဇင် နီးပါးကို
နေရာဒေသ မရွေး စိုက်ပျိုးထုတ်လုပ် နိုင်ရန် လုပ်ဆောင် သွားမည် ဖြစ်သည်။

ပေါ်ဆန်း စပါးသည် ရေချိုရေငန်စပ် ဒေသ၌ ဖြစ်ထွန်းသည့် ရာသီမျိုးစပါး ဖြစ်ပြီး ဧရာဝတီတိုင်း ဒေသကြီး၊ မြစ်ဝကျွန်းပေါ် ဒေသနှင့် စစ်ကိုင်းတိုင်း ဒေသကြီးတို့၌ အဓိက စိုက်ပျိုးကာ အောင်မြင်လျက် ရှိကြောင်း သိရသည်။

အေဒီမိုး

#Themyawadydaily

No comments:

Post a Comment