Pages

Wednesday, April 29, 2015

တရားမ၀င် သစ်တင်ယာဉ်များနှင့် သစ်များ သိမ်းဆည်းရမိ


သိမ်းဆည်းရမိသော တရားမ၀င် သစ်တင်ယာဉ်များ နှင့် သစ်များကို တွေ့ရစဉ်


နေပြည်တော် ၊ ၂၉-၄-၂၀၁၅

ရှမ်းပြည်နယ် (အရှေ့ပိုင်း) မိုင်းဖြတ်မြို့နယ်၊ အောက်မိုင်းဟဲ ကျေးရွာအုပ်စု မိုင်းဖြတ် - ဘူရှီး ကားလမ်း တစ်ဝိုက်တွင် တရားမဝင် သစ်များ သယ်ဆောင် လာမည် ဖြစ်ကြောင်း သတင်းအရ တပ်မတော်သား များနှင့် ရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်း အဖွဲ့သည် ဧပြီ ၂ဝ ရက် နံနက် ၈ နာရီခန့်တွင် ကားလမ်း တစ်လျှောက် ပိတ်ဆို့ ရှင်းလင်းရာ ဘူရှီးကျေးရွာ အနီး လမ်းဘေး သစ်တောအုပ် အတွင်း၌ တရားမဝင် သစ်များ တင်ဆောင် ထားသည့် တုန်ဖုန်းယာဉ် သုံးစီးကို သိမ်းဆည်း ရမိပြီး ယာဉ်မောင်း များမှာ ထွက်ပြေး တိမ်းရှောင်သွားခဲ့သည်။ ၄င်း တောအုပ်အတွင်း ဆက်လက် ရှင်းလင်းရာ တရားမဝင် သစ်များ တင်ဆောင် ထားသည့် တုန်ဖုန်းယာဉ် သုံးစီးကို ထပ်မံ သိမ်းဆည်း ရမိပြီး ပြစ်မှု ကျူးလွန်သူ များမှာ ထွက်ပြေး လွတ်မြောက် သွားခဲ့သည်။

သိမ်းဆည်း ရမိသော သစ်တင်ယာဉ် ခြောက်စီးပေါ်မှ တရားမဝင် ပိတောက် သစ်ခွဲသားနှင့် သစ်လုံး အရွယ်မျိုးစုံ ၂၇ တန်ခန့် (ကာလ တန်ဖိုးကျပ် ၆၇၅ဝဝဝဝ) တို့ကို သိမ်းဆည်း ရမိပြီး မိုင်းဖြတ်မြို့ ရှိ သစ်တော ဦးစီးဌာနသို့ စနစ်တကျ အပ်နှံ၍ ထွက်ပြေး သွားသော ပြစ်မှု ကျူးလွန်သူ များကို ဖမ်းဆီးရမိရေး ဆောင်ရွက်လျက် ရှိကြောင်း သိရှိရသည်။ (၁၀၀)

#Themyawadydaily

No comments:

Post a Comment