Pages

Wednesday, April 29, 2015

AA သောင်းကျန်းသူများ ကိုင်ဆောင်သည့် လက်နက်များ သိမ်းဆည်းရမိ


သိမ်းဆည်းရမိ AA သောင်းကျန်းသူများ ကိုင်ဆောင်သည့် လက်နက်များကို တွေ့ရစဉ်

AA သောင်းကျန်းသူများ ကိုင်ဆောင်သည့် လက်နက်များ သိမ်းဆည်းရမိ နေရာပြပုံ

နေပြည်တော် ၊ ၂၉-၄-၂၀၁၅

ရခိုင်ပြည်နယ်၊ ကျောက်တော် မြို့နယ် ကုလားချောင်း ကျေးရွာနှင့် အနီး ပတ်ဝန်းကျင်ရှိ ကျေးရွာများတွင် AA သောင်းကျန်းသူများ စိမ့်ဝင် ခိုအောင်းလျက် ရှိခြင်းကြောင့် တပ်မတော် စစ်ကြောင်းများက နယ်မြေ ရှင်းလင်းခြင်းများ ဆောင်ရွက်လျက် ရှိရာ AA သောင်းကျန်းသူ အချို့နှင့် လက်နက် ခဲယမ်းများ၊ အသုံးအဆောင် ပစ္စည်းများ ဖမ်းဆီး ရမိလျက် ရှိသည်။

ထို့ပြင် စပါးဆိပ်ကျေးရွာ နှင့် ကုလားကျ ကျေးရွာ ပတ်ဝန်းကျင်ကို ဧပြီ ၂၇ ရက် နံနက်ပိုင်းမှ စတင်၍ တပ်မတော် စစ်ကြောင်းများက အသေးစိတ် ဖြန့်ခွဲရှင်းလင်း ခဲ့ရာ ကုလားကျ ကျေးရွာ၏ အနောက် တောင်ဘက် နှစ်မိုင်ခန့် အကွာရှိ သဘာဝ ကျောက်လိုဏ်ဂူ အတွင်း၌ ကျောက်တုံးများဖြင့် ဖုံးအုပ်ထားသော အမ် (၂၂)ပုံစံ သေနတ် ငါးလက်၊ အမ်(၂၅)ပုံစံ သေနတ် လေးလက်၊ စုစုပေါင်း ကိုးလက်ကို သိမ်းဆည်း ရမိခဲ့သည်။ ၄င်းနေရာ ဝန်းကျင်ကို ဆက်လက် ရှင်းလင်းရှာဖွေ ခဲ့ရာ ပေ ၅ဝ ခန့်အကွာ၌ သစ်ရွက်များဖြင့် ဖုံးအုပ်ထားသော အမ် (၂၂) ပုံစံသေနတ် ခြောက်လက် နှင့် အမ်(၂၅) ပုံစံသေနက် လေးလက်၊ စုစုပေါင်း ၁ဝ လက်အား ထပ်မံသိမ်းဆည်း ရမိခဲ့သည်။

သိမ်းဆည်း ရမိသော လက်နက်မျိုးစုံ ၁၉ လက်ကို အသေးစိတ် စိစစ်ခဲ့ရာ တစ်ဖက်နိုင်ငံထုတ် လက်နက်ပုံစံ အမျိုးအစား ဖြစ်ပြီး လက်နက်များ၏ ကိုယ်ထည်တွင် စက်ဝိုင်းအတွင်း၌ ခုနစ်ထောင့်ကြယ် ပုံပါရှိသည့် သင်္ကေတ M-22 ၊ M-25 စသည့် သေနတ် အမျိုးအစား စာသားနှင့် KIA (ကချင်)အဖွဲ့ ကိုင်ဆောင် အသုံးပြုသည့် လက်နက်များ၏ သင်္ကေတ ဖြစ်သော KO အက္ခရာ ပါရှိသည့် သေနတ်နံပါတ်များ ရိုက်နှိပ် ထားကြောင်းနှင့် AA သောင်းကျန်းသူ များက သိုဝှက်ထားကြောင်း သိရှိရသည်။

နယ်မြေအတွင်း AA သောင်းကျန်းသူများ ခိုအောင်း နေထိုင်ခြင်း မရှိစေရေး အတွက် တပ်မတော် စစ်ကြောင်းများက ဒေသခံပြည်သူများ နှင့်အတူ ပူးပေါင်း၍ သတင်းဖော်ထုတ် ရှင်းလင်းလျက် ရှိကြောင်း သိရှိရသည်။ (၁၀၀)

#Themyawadydaily

No comments:

Post a Comment