Pages

Wednesday, April 22, 2015

တိုက်ပွဲရှောင်ပြည်သူများအား စားသောက်ဖွယ်ရာ နှင့် ထောက်ပံ့ပစ္စည်းများ ပေးအပ်


ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ ဒုတိယ ဗိုလ်ချုပ်ကြီး အောင်သန်းထွဋ်
 လောက်ကိုင်မြို့သို့ ပြန်လည် အခြေပြု နေထိုင်မည့် တိုက်ပွဲရှောင် ပြည်သူများကို
စားသောက်ဖွယ်ရာ နှင့် ထောက်ပံ့ပစ္စည်းများ ပေးအပ်စဉ်

လောက်ကိုင်မြို့သို့ ပြန်လည် အခြေပြုနေထိုင်မည့် တိုက်ပွဲရှောင် ပြည်သူများနှင့်
 ထောက်ပံ့ပစ္စည်းများအား မော်တော်ယာဉ်များပေါ် တင်ဆောင် နေသည်ကို တွေ့ရစဉ်

နေပြည်တော် ၊ ၂၂-၄-၂၀၁၅

ရှမ်းပြည်နယ် (မြောက်ပိုင်း) လားရှိုးမြို့ရှိ သီရိမင်္ဂလာ မန်ဆူရှမ်းကျောင်း တွင် နေထိုင်လျက် ရှိရာမှ လောက်ကိုင်မြို့သို့ ပြန်လည် အခြေပြု နေထိုင်မည့် တိုက်ပွဲရှောင် ပြည်သူများအား ယမန်နေ့ နံနက်ပိုင်းတွင် ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး အောင်သန်းထွဋ် နှင့် တာဝန်ရှိသူများက သွားရောက် ကြည့်ရှု၍ နှုတ်ဆက် အားပေးစကား ပြောကြားကာ စားသောက်ဖွယ်ရာ နှင့် ထောက်ပံ့ပစ္စည်းများ ပေးအပ်သည်။

လောက်ကိုင်ဒေသ အတွင်း တပ်မတော် စစ်ကြောင်းများနှင့် ကိုးကန့် သောင်းကျန်းသူ အဖွဲ့များ တိုက်ပွဲ ဖြစ်ပွားမှုကြောင့် ဒေသခံ ပြည်သူများနှင့် မြန်မာနိုင်ငံ အလယ်ပိုင်း မြေပြန့်ဒေသ အသီးသီးမှ လာရောက် အလုပ်လုပ်ကိုင် နေကြသော ပြည်သူများသည် ၄င်းဒေသ အတွင်းမှ တိမ်းရှောင် လာခဲ့ရာ အရှေ့မြောက်တိုင်း စစ်ဌာနချုပ်မှ ဦးစီး၍ လားရှိုးတပ်နယ် မှ တပ်ရင်း/ တပ်ဖွဲ့များ၊ စစ်မှုထမ်းဟောင်း အဖွဲ့များ၊ လူမှု အဖွဲ့အစည်းများ၊ ဒေသခံ ပြည်သူများနှင့် သီရိမင်္ဂလာ မန်ဆူရှမ်းကျောင်း တို့က တိုက်ပွဲရှောင် ပြည်သူများအား စားသောက် ဖွယ်ရာများ၊ နေထိုင်ရေးနှင့် ကျန်းမာရေး စောင့်ရှောက်မှုများ ဆောင်ရွက် ပေးလျက်ရှိသည်။

အဆိုပါ တိုက်ပွဲရှောင် ပြည်သူများအား လောက်ကိုင် ဒေသအတွင်း ပြန်လည် အခြေပြု နေထိုင်နိုင်ရေး ဒုတိယဗိုလ်ချုပ်ကြီး အောင်သန်းထွဋ် ဦးဆောင်၍ ကိုးကန့် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသ ပြန်လည် ထူထောင်ရေး အုပ်ချုပ်မှု အထောက်အကူပြု ကော်မတီ အဖွဲ့ဝင် ဦးလှမြင့်၊ အဖွဲ့အစည်း အသီးသီးနှင့် ဒေသခံ ပြည်သူများက စားသောက်ဖွယ်ရာ နှင့် ထောက်ပံ့ပစ္စည်းများ ပေးအပ်ကာ သီရိမင်္ဂလာ မန်ဆူ ရှမ်းကျောင်း ဆရာတော်နှင့် တာဝန်ရှိသူများ က ဆုံးမသြဝါဒ စကားများ အသီးသီး ပြောကြားပြီး တိုက်ပွဲရှောင် ပြည်သူ ၂၅ဝ ဦးအား လောက်ကိုင်ဒေသသို့ မော်တော်ယာဉ် များဖြင့် ပို့ဆောင်ပေး ခဲ့ကြောင်း သိရှိရသည်။ (၁ဝဝ)

#Themyawadydaily

No comments:

Post a Comment