Pages

Tuesday, April 21, 2015

မြန်မာနိုင်ငံရှိ သစ်တောများအား ထိန်းသိမ်းခြင်းဖြင့် အရှေ့တောင်အာရှတွင် နောက်ဆုံးကျန်နေသည့် ဇီဝမျိုးကွဲများအား ထိန်းသိမ်းနိုင်


ရန်ကုန် ၊ ၂၁-၅-၂၀၁၅

မြန်မာနိုင်ငံ၌ တွေ့ရှိရသည့် ရှားပါး မျိုးစိတ်များ နှင့် အရှေ့တောင် အာရှတွင် နောက်ဆုံးကျန်ရှိ နေသော ဇီဝမျိုးကွဲများ အများဆုံး နေထိုင်သည့် သဘာဝ တောများကို ထိန်းသိမ်းခြင်းသည် အဆိုပါ ဇီဝမျိုးကွဲ များကိုလည်း ထိန်းသိမ်းနိုင်မည် ဖြစ်ကြောင်း သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ ပညာရှင်များက ပြောသည်။

ဇီဝမျိုးကွဲများ ပေါများစွာ တည်ရှိနေသည့် နေရာဒေသ များတွင် သစ်ခိုးခုတ်မှုများ အပါအဝင် တခြားသော ဘေးအန္တရာယ် များကြောင့် သစ်တော ပြုန်းတီးမှုများလည်း ရှိနေသောကြောင့် အဆိုပါဒေသများရှိ ဇီဝမျိုးကွဲ များမှာလည်း သဘာဝသစ်တော များနှင့်အတူ ပျောက်ဆုံး သွားနိုင်ကြောင်း သိရသည်။

ထိုကဲ့သို့ ဖြစ်ပေါ်နေသည့် နေရာဒေသမှာ လက်ရှိအချိန်တွင် နှစ်နေရာအထိ ရှိကြောင်း ဝါရှင်တန် အခြေစိုက် သစ်တော ထိန်းသိမ်းရေး အဖွဲ့အစည်း တစ်ခုဖြစ်သည့် Forest Trends လေ့လာမှု စစ်တမ်းတွင် ဖော်ပြ ထားသည်။

ယင်းနေရာ ဒေသများမှာ မြန်မာနိုင်ငံ မြောက်ပိုင်းတွင် တည်ရှိပြီး တရုတ်နိုင်ငံနှင့် နယ်နိမိတ်ချင်း ထိစပ်နေသော သစ်တော ထူထပ်သည့် ကချင်ပြည်နယ် ဖြစ်ကြောင်း၊ နောက် တစ်နေရာမှာ ထိုင်းနိုင်ငံနှင့် ထိစပ်နေပြီးဇီဝမျိုးကွဲများ နေထိုင်ရာ ဖြစ်သည့် တနင်္သာရီတိုင်း ဒေသကြီးတို့ ဖြစ်ကြောင်း သိရသည်။

သစ်တောများ ပြုန်းတီးမှုကြောင့် သဘာဝ တောရိုင်း တိရစ္ဆာ န် များလည်း ဆုံးရှုံးရသည့် နည်းတူ မြန်မာနိုင်ငံ၏ တစ်ဝက်နီးပါး မျှကို စိမ်းလန်းသည့် သစ်တောများက ဖုံးလွှမ်း ထားသော်လည်း သစ်တော ပြုန်းတီးမှု နှုန်းမှာကမ္ဘာပေါ်တွင် အမြင့်ဆုံးထဲတွင် ပါဝင်နေကြောင်း ကမ္ဘာ့ ကုလသမဂ္ဂ အဖွဲ့က ထုတ်ဖော် ပြောကြား ထားသည်။

မြန်မာနိုင်ငံရှိ သဘာဝ သစ်တောများထဲတွင် ကမ္ဘာပေါ်၌ တွေ့မြင်ရခဲသည့် ရှားပါး သတ္တဝါများနှင့် ရှားပါး ဇီဝမျိုးစိတ်များ အများဆုံး တည်ရှိနေသည့် အတွက် သစ်တောများအား ထိန်းသိမ်းပါက အဆိုပါ မျိုးစိတ်များကို ထိန်းသိမ်း နိုင်မည် ဖြစ်သကဲ့သို့ ရာသီဥတုလည်း ပိုမိုကောင်းမွန် လာနိုင်မည် ဖြစ်ကြောင်း သိရသည်။

ကံထူး

#Themyawadydaily

No comments:

Post a Comment