Pages

Tuesday, March 24, 2015

မူဆယ်မြို့ရှိ ဘဏ်များကို KIA (ကချင်)အဖွဲ့က ခြိမ်းခြောက်စာများ ပေးပို့


နေပြည်တော် ၊ ၂၄-၃-၂၀၁၅

ရှမ်းပြည်နယ် (မြောက်ပိုင်း)ရှိ နယ်စပ်မြို့ ဖြစ်သော မူဆယ်မြို့သည် နယ်စပ် စီးပွားရေး ဖွံ့ဖြိုးတိုးတက်ပြီး ၁ဝ၅ မိုင် ကုန်သွယ်ရေးဇုန် ရှိသဖြင့် နှစ်နိုင်ငံ ကုန်သည်များနှင့် စည်ကား လျက်ရှိသော မြို့တစ်မြို့ ဖြစ်သည်။ နယ်စပ် စီးပွားရေးမြို့ ဖြစ်သဖြင့် မူဆယ်မြို့တွင် ငွေလွှဲ/ငွေပို့ လုပ်ငန်းများ အတွက် မြန်မာ့ စီးပွားရေးဘဏ်၊ မြဝတီဘဏ်၊ အင်းဝဘဏ်၊ ယူနိုက်တက် အမရဘဏ်၊ စီဘီဘဏ်၊ အာရှ စိမ်းလန်းမှု ဖွံ့ဖြိုးရေးဘဏ်၊ ဧရာဝတီဘဏ်၊ ရိုးမဘဏ်၊ မြန်မာ့ ရှေ့ဆောင်ဘဏ်၊ ကမ္ဘာ့ ရတနာဘဏ် နှင့် ကမ္ဘောဇဘဏ် များကို လာရောက် ဖွင့်လှစ်ထားရှိ ကြသည်။

KIA (ကချင်)အဖွဲ့သည် မတ် ၁၉ ရက် နှင့် ၂ဝ ရက်များတွင် အဆိုပါ ဘဏ်တစ်ခုချင်း စီသို့ တွေ့ဆုံ ဆွေးနွေးရန် ခေါင်းစဉ်ဖြင့် ''လူကြီးမင်းများကို အမှတ်(၄) တပ်မဟာ KIA မှ တွေ့ဆုံ ဆွေးနွေးရန် ရှိပါသဖြင့် ဖုန်း အမှတ်၊ ၁၅၃၆ ၈၆၉ ၅ဝဝဝ သို့ ၂ဝ၁၅ ခုနှစ်၊ ၃ လ ၃ဝ ရက်နေ့ မတိုင်မီ မပျက်မကွက် ဆက်သွယ်ရန် အကြောင်းကြား လိုက်သည်'' ဟု ဖော်ပြထားသည့် စာများကို ပေးပို့ခဲ့ကြောင်း သိရသည်။

KIA (ကချင်)အဖွဲ့မှ ယခုကဲ့သို့ မူဆယ်မြို့ရှိ ဘဏ်များကို ခြိမ်းခြောက် အကြောင်းကြားစာ ပေးပို့လာမှု အပေါ် အဆိုပါ ဘဏ်များ၊ အခြား စီးပွားရေး လုပ်ငန်းရှင်များ နှင့် မြို့ခံလူထုက စိုးရိမ် ပူပန်မှုများ ဖြစ်ပေါ်လျက် ရှိကြောင်း သိရှိရသည်။

#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment