Pages

Saturday, March 28, 2015

ညောင်ဦးမြို့ ရွှေစည်းခုံဘုရားကြီးတွင် ကင်းဝန်မင်းကြီး လှူဒါန်းထားသော နှစ်ပေါင်း ၁၃၀ ကျော်က ကျောက်သပိတ်တော် ကို ယနေ့တိုင် တွေ့ရှိနိုင်



ညောင်ဦး ၊ ၂၈-၃-၂၀၁၅

မန္တလေးတိုင်း ဒေသကြီး ညောင်ဦးမြို့တွင် ကျန်စစ်သားမင်း တည်ထား ကိုးကွယ်ခဲ့သော ရွှေစည်းခုံဘုရား အရှေ့ဘက် စေတီတော်နှင့် အလယ် တည့်တည့်တွင် ကုန်းဘောင်ခေတ် မင်းတရားကြီး လက်ထက် မြန်မာ သက္ကရာဇ် ၁၂၄ဝ ခုနှစ် တပို့တွဲလဆန်း ၁ ရက် တနင်္ဂနွေ မဟာ သေနာပတိ ဝန်ရှင်တော် လယ်ကိုင်းမြို့စား ကင်းဝန် တော်ဝင်မင်းကြီး ၏ သမီးတော် မတ်းသတိုး သုဓမ္မာ မဟာ သက်တော်ရှည် သမီး မောင်မယ် ကောင်းမှု စာတန်းနှင့်ကျောက်သပိတ်တော် ကို ယနေ့တိုင် တွေ့ရှိ နေရသည်။

အဆိုပါ ကျောက်သပိတ်တော် ကို ကုန်းဘောင်ခေတ် မင်းတရားကြီး လက်ထက်တွင် မှူးကြီးမတ်ရာ အများအပြား ရှိသည့်အနက် ကင်းဝန်မင်းကြီး သည် ပုဂံဒေသသို့ အရောက် အပေါက် အများဆုံး ဝန်ကြီးတစ်ပါး ဖြစ်သည်။

ပုဂံ- ညောင်ဦး ဒေသသို့ ရောက်တိုင်း ရွှေစည်းခုံ စေတီတော်ကြီး သို့ လာရောက် ဖူးမြော်လျက် ရှိသည်။ ထိုသို့ လာရောက် ဖူးမြော်ပြီး ရွှေသင်္ကန်း ကပ်လှူခြင်း၊ ဆီမီးရေချမ်း ကပ်လှူခြင်း စသည့် ကုသိုလ်တော် များကို ပြုလုပ်သည်။ စေတီတော် ပရိဝုဏ်အတွင်း ခေါင်းလောင်း တစ်ခုကိုလည်း လှူဒါန်း ထားခဲ့သည်။

စေတီတော်နှင့် ပတ်သက်သော အတွင်း အံကိုးပါး၊ အပြင် အံကိုးပါး ကို ရွှေချကပ်လှူ ခဲ့သည်။ ရွှေပြား ကပ်လှူရမည့် ၁၂ ဌာနကိုလည်း ကဗျာ အလင်္ကာများ စပ်ဆို၍ ရေးသား မှတ်တမ်းတင် ထားသည်။ ယခုေ ကျာက်သပိတ်တော် သည်ကင်းဝန်မင်းကြီး ၏ သမီးတော် မောင်မယ် တို့ လှူဒါန်းထားခြင်း ဖြစ်သည်။

အဆိုပါ ကမ္ပည်းစာကို မင်ခွက်ဖြင့် ကူးယူ၍ သပိတ်တော် ပေါ်တွင် ရေးသားထားသည်။ သပိတ်တော် အချင်း တစ်ပေ ကိုးလက်မ၊ အမြင့် တစ်ပေ ငါးလက်မ ရှိသော ကျောက်သပိတ် သည် ယခုမြန်မာ သက္ကရာဇ် နှင့် တွက်ကြည့်လျှင် နှစ်ပေါင်း ၁၃ဝ ကျော်နေပြီ ဖြစ်ကြောင်း သိရသည်။

ကျော်ဌေး (ညောင်ဦး)

#Yadanarpondaily
#ရတနာပုံနေ့စဉ်

No comments:

Post a Comment