Pages

Saturday, March 28, 2015

ခရမ်းလွန်ရောင်ခြည် အညွှန်းကိန်းမြင့်တက်



မော်လမြိုင်ကျွန်း ၊ ၂၈-၃-၂၀၁၅

ယခု မတ်လဆန်း ရက်ပိုင်းမှစ၍ နေပူရှိန် မြင့်တက်မှုများ ရှိနေသောကြောင့် နေပူထဲတွင် မဖြစ်မနေ သွားလာ လှုပ်ရှားပြီး လုပ်ငန်းခွင်သို့ လည်းကောင်း၊ နေအိမ်သို့ လည်းကောင်း၊ အရိပ်ကောင်းသော သစ်ပင်ရိပ်များ သို့လည်းကောင်း ပြန်လည် ရောက်ရှိချိန်တွင် အအေးဓာတ် ရရှိစေရန် ခေါင်းလျှော်ခြင်း၊ ရေချိုးခြင်းနှင့် လေပန်ကာဖြင့် အအေးခံခြင်းများ ပြုလုပ်မိပါက အပူအအေး အပြောင်းအလဲ ကြောင့် ရုတ်တရက် အသက် ဆုံးရှုံးမှုများ ဖြစ်ပေါ် လာနိုင်သဖြင့် သတိထား ကြရန် လိုအပ်သည်။

ယခုအခါ သဘာဝ ပတ်ဝန်းကျင်တွင် သစ်တောများ ပြုန်းတီးလာခြင်း၊ ကမ္ဘာကြီး ပူနွေးလာခြင်း၊ မြေထု၊ ရေထုများ ညစ်ညမ်း လာခြင်း၊ ကမ္ဘာ့ အိုဇုန်းလွှာ ပျက်စီးယိုယွင်း လာခြင်း တို့ကြောင့် ကမ္ဘာ့ ရာသီဥတု ပြောင်းလဲမှု ဖြစ်ပေါ်ကာ ခရမ်းလွန် ရောင်ခြည် အညွှန်းကိန်းများ မြင့်တက်လျက် ရှိရာ ဧရာဝတီတိုင်း ဒေသကြီးတွင် ခရမ်းလွန် ရောင်ခြည် အညွှန်းကိန်း ၁၃ ဒသမ ၅ အထိ ရှိသည်။

ယင်း ခရမ်းလွန် ရောင်ခြည် အညွှန်းကိန်း ၁၃ ထက်ေ ကျာ်လွန်သော တိုင်းဒေသကြီး နှင့် ပြည်နယ်များမှာ ရန်ကုန်တိုင်း ဒေသကြီး၊ ဧရာဝတီတိုင်း ဒေသကြီး၊ နေပြည်တော်၊ မကွေးတိုင်း ဒေသကြီး၊ ပဲခူးတိုင်း ဒေသကြီး၊ ကယားပြည်နယ်၊ မွန်ပြည်နယ်၊ ရှမ်းပြည်နယ် (တောင်ပိုင်း)နှင့် ရှမ်းပြည်နယ် (အရှေ့ပိုင်း) တို့ဖြစ်သည်။  

ခရမ်းလွန် ရောင်ခြည် အညွှန်းကိန်း အမြင့်ဆုံးမှာ တနင်္သာရီတိုင်း ဒေသကြီး ဖြစ်ပြီး ၁၄ ဒသမ ၆ ရှိသည်။

အဆိုပါ ခရမ်းလွန် ရောင်ခြည်မှာ နေပူရှိန် မြင့်တက်ချိန်များ ဖြစ်သော နံနက် ၁ဝ နာရီမှ ညနေ ၄ နာရီအတွင်း ပိုမို ကျရောက် တတ်သဖြင့် ပြည်သူများ နေပူထဲတွင် ခရီးသွားလာ ပါက ထီး၊ ဦးထုပ် နှင့် အကာအရံ ပစ္စည်းများ၊ အဖြူရောင် အဝတ်အထည်များ၊ ဝတ်ဆင်ပြီး သတိထား သွားလာ နေထိုင် သင့်ကြောင်း မြို့နယ် ကျန်းမာရေး ဦးစီးဌာနမှ ဆရာဝန်ကြီး များ၏ ပြောပြချက်အရ သိရသည်။

မော်ကျွန်း မြင့်အောင်

#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment