Pages

Friday, March 6, 2015

မြန်မာ့ယွန်းထည်ပစ္စည်းများ နိုင်ငံတကာဈေးကွက်သို့ တင်ပို့ရောင်းချနိုင်ရန် ဂျပန်နိုင်ငံမှ ပံ့ပိုးကူညီမည်



ရန်ကုန် ၊ ၆-၃-၂၀၁၅

မြန်မာ့ယွန်းထည် ပစ္စည်းများကို ပြည်ပဈေးကွက် များသို့ တင်ပို့ရောင်းချ ရာတွင် ဈေးကွက်များမှ လိုအပ်သော အရေအတွက် ပြည့်မီစေရေး ထုတ်လုပ်တင်ပို့ နိုင်ရန်၊ တင်ပို့သော ယွန်းထည် ပစ္စည်းများ၏ အရည်အသွေး ပိုမိုတိုးတက် ကောင်းမွန် လာစေရန်နှင့် ပစ္စည်းတစ်သုတ် နှင့်တစ်သုတ် အရည်အသွေး တူညီမှု ရှိစေရန် ဂျပန်နိုင်ငံမှ စက်ပစ္စည်း ကိရိယာများနှင့် အဆင့်မြင့် နည်းပညာများ ပံ့ပိုးကူညီမည် ဖြစ်ကြောင်း မြန်မာ- ဂျပန် စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှု ကော်မတီမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

မြန်မာနိုင်ငံမှ ထုတ်လုပ်သော ယွန်းထည် ပစ္စည်းများ သည် ပြည်တွင်း၌ နိုင်ငံခြား ခရီးသွား ဧည့်သည်များ ဝယ်ယူလေ့ ရှိသော အမှတ်တရ လက်ဆောင် ပစ္စည်းများ ဖြစ်သည့်အပြင် ဟိုတယ်ကြီး များ၌ အလှဆင် ပစ္စည်းနှင့် လူသုံးကုန် ပစ္စည်းများ အဖြစ် အသုံးပြုလေ့ ရှိကြသည်။ ပြည်ပဈေးကွက် များသို့ တင်ပို့ရောင်းချ ရာတွင်လည်း အတိုင်းအတာ တစ်ခုအထိ ထုတ်လုပ်ဖြန့်ချိ နိုင်ပြီ ဖြစ်သော်လည်း ဈေးကွက်များမှ လိုအပ်သော အရေအတွက်ကို တင်ပို့နိုင်မှု မရှိခြင်း နှင့် ပစ္စည်း အရည်အသွေး ထိန်းချုပ်မှု အပိုင်းတွင် အားနည်းခြင်း စသည့် အခက်အခဲများ ရှိနေသေးကြောင်း သိရသည်။

ထို့ကြောင့် ပြည်တွင်း၌ ယွန်းထည် ပစ္စည်းများ ထုတ်လုပ်ရာတွင် အရေအတွက် သာမက အရည်အသွေး ပါ တိုးတက် မြင့်မား လာစေရေးနှင့် နိုင်ငံတကာ ဈေးကွက်များသို့ ပိုမိုတင်ပို့နိုင် စေရေးအတွက် မြန်မာနိုင်ငံမှ ယွန်းထည် လုပ်ငန်းရှင်များကို ဂျပန်နိုင်ငံမှ အတတ် ပညာရှင်များက အကူအညီများ ပေးရန် စီစဉ်ထားခြင်း ဖြစ်သည်။

မြန်မာ့ယွန်းထည် ပစ္စည်းများသည် နိုင်ငံတကာ ဈေးကွက်များ၌ မြန်မာနိုင်ငံ ကိုယ်စားပြု လက်မှုထုတ်ကုန် ပစ္စည်းတစ်ခု အနေဖြင့် ထင်ရှား ကျော်ကြားပြီး အာရှဒေသတွင်း နိုင်ငံများ၌ သာမက ဥရောပ နိုင်ငံများ၌ပါလူကြိုက်များသော အမှတ်တရ လက်ဆောင် ပစ္စည်းတစ်မျိုး ဖြစ်ကြောင်း သိရသည်။

#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment