Pages

Tuesday, March 31, 2015

ရန်ကုန်တက္ကသိုလ်နှင့် နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးထားသည့် နိုင်ငံတကာ တက္ကသိုလ်များမှ ပါမောက္ခများ လာရောက်သင်ကြား ပို့ချပေးလျက်ရှိ


ရန်ကုန် ၊ ၃၁-၃-၂ဝ၁၅

ရန်ကုန်တက္ကသိုလ် နှင့် နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုး ထားသည့် နိုင်ငံတကာ တက္ကသိုလ် များမှ ဧည့် ပါမောက္ခများ ရန်ကုန်တက္ကသိုလ် ၌ လာရောက် သင်ကြားပို့ချ ပေးလျက်ရှိကြောင်း ရန်ကုန်တက္ကသိုလ် ကျောင်းသားရေးရာ ဌာနမှ သိရသည်။

ယခု ပညာသင်နှစ်မှ စ၍ ရန်ကုန်တက္ကသိုလ် သို့ နိုင်ငံတကာ တက္ကသိုလ်များမှ ပါမောက္ခ ၁ဝ ဦး လာရောက် ပညာသင်ကြား ပို့ချပေးနေပြီး အဆိုပါ ပါမောက္ခများ နေထိုင်ရေး အတွက် ရန်ကုန်တက္ကသိုလ် ၌ စီစဉ်ပေးရပြီး စရိတ်နှင့် လစာငွေများကို သက်ဆိုင်ရာ တက္ကသိုလ်နှင့် နိုင်ငံတကာ အဖွဲ့အစည်း များမှ ပံ့ပိုးပေးကြောင်း သိရသည်။ 

ထို့အပြင် ဂျာမနီနိုင်ငံမှ ပါမောက္ခ တစ်ဦးကို ယခုနှစ်အတွင်း ရန်ကုန်တက္ကသိုလ် ၌ သုံးနှစ်ကြာ လာရောက် သင်ကြားပို့ချ ပေးသွားရန် ဆွေးနွေးလျက် ရှိကြောင်း သိရသည်။

''လာသင်ပေး နေတဲ့ ပါမောက္ခ တွေက တက္ကသိုလ်တွေနဲ့ MoU ထိုးထားတာကြောင့် လာရောက် သင်ကြားပို့ချ ပေးနေတာပါ။ ပညာရေး ဝန်ကြီးဌာနနဲ့ Open Society အဖွဲ့အစည်းနဲ့ MoU ထိုးထားတာကြောင့် လာသင်ပေးတဲ့ ပါမောက္ခ တွေလည်း ရှိတယ်။ တချို့ ပါမောက္ခ တွေက MoU ထိုးမထားဘဲနဲ့ Volunteer လာသင်ပေးတာ မျိုးလည်း ရှိတယ်'' ဟု ရန်ကုန်တက္ကသိုလ် ကျောင်းသားရေးရာ ဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

အဆိုပါ ပါမောက္ခများမှာ အမေရိကန်၊ ဂျာမနီ၊ အင်္ဂလန်၊ သြစတြေးလျ၊ ဂျပန်နှင့် တောင်ကိုရီးယား နိုင်ငံတို့ရှိ တက္ကသိုလ်များမှ ဖြစ်ပြီး အင်္ဂလိပ်စာ၊ ဥပဒေ၊ ပထဝီဝင်၊ နိုင်ငံတကာ ဆက်ဆံရေး (IR)၊ ဂျပန်စာ၊ စိတ်ပညာ
နှင့် Molecular Biology ဘာသာရပ်များကို ပို့ချပေး နေကြောင်း သိရသည်။ (၄၄၃)

#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment