Pages

Sunday, March 8, 2015

ဂျပန်လေဆိပ်လမ်းညွှန် လေဆိပ်လုံခြုံရေး နှင့် လေဆိပ် ဘေးကင်းရေးဆိုင်ရာ ပစ္စည်း ၁၄ မျိုးကို လေဆိပ်ခြောက်ခု၌ တပ်ဆင် အသုံးပြု



ရန်ကုန် ၊ ၈-၃-၂၀၁၅

ဂျပန် အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး အေဂျင်စီ(JICA) မှ လှူဒါန်းခဲ့သော ဂျပန်ယန်း ၁၂၃၃ သန်း တန်ဖိုးရှိ လေဆိပ်လမ်းညွှန်၊ လေဆိပ် လုံခြုံရေး နှင့် လေဆိပ် ဘေးကင်းရေး ဆိုင်ရာ စက်ပစ္စည်းများကို
မြန်မာနိုင်ငံရှိ လေဆိပ် ခြောက်ခု၌ တပ်ဆင် အသုံးပြု သွားမည် ဖြစ်ကြောင်း လေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ သိရသည်။

Japan Grant Aid Project ၏ နိုင်ငံအနှံ့ လေဆိပ်လုံခြုံရေး နှင့် ဘေးကင်းရေး ဆိုင်ရာ တိုးတက်ရေး စီမံကိန်းအရ ဘေးကင်းရေး ဆိုင်ရာတွင် အသုံးပြုရန် ယာဉ်များ၊ လေကြောင်း ဆိုင်ရာတွင် ဘေးကင်း လုံခြုံရေး အတွက် လေကြောင်းဆိုင်ရာ စက်ပစ္စည်းများကို ပေးအပ်ခြင်း ဖြစ်ကြောင်း သိရသည်။

ရန်ကုန် အပြည်ပြည် ဆိုင်ရာ လေဆိပ်၊ မန္တလေး အပြည်ပြည်ဆိုင်ရာ လေဆိပ်၊ ညောင်ဦး လေဆိပ်၊ ဟဲဟိုးလေဆိပ် နှင့်ထားဝယ် လေဆိပ် များတွင် တပ်ဆင်ထားပြီး ယင်းသို့ လှူဒါန်းထားသည့် ပစ္စည်းများသည် နိုင်ငံလုံး ဆိုင်ရာလေဆိပ် စီမံကိန်းများ အတွက် လေကြောင်းဆိုင်ရာ ဘေးကင်း လုံခြုံရေး၊ လေကြောင်း လမ်းညွှန်ဆိုင်ရာ စက်ပစ္စည်း ရှစ်မျိုး၊ လေဆိပ် လုံခြုံရေး ဆိုင်ရာ စက်ပစ္စည်း သုံးမျိုး နှင့် လေဆိပ် ဘေးကင်းရေး ဆိုင်ရာ စက်ပစ္စည်း သုံးမျိုး ပါဝင်ကြောင်း သိရသည်။

ဇာညီသစ္စာ

#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment