Pages

Wednesday, March 25, 2015

နိုင်ငံတကာအဆင့်မီ အထူးကုဆေးရုံကြီး (ဗန်ကောက်)တွင် မြန်မာနိုင်ငံသားများ ဆေးဝါးကုသနိုင်ရန် မန္တလေးရုံးခွဲဖွင့်လှစ်


မန္တလေး ၊ ၂၅-၃-၂၀၁၅

ဖယားထိုင်းနာဝါမင် နိုင်ငံတကာ အဆင့်မီ အထူးကုဆေးရုံကြီး (ဗန်ကောက်)တွင် မြန်မာ နိုင်ငံသားများ ဆေးဝါးကုသ နိုင်ရန်အတွက် မတ် ၂၄ ရက် နံနက် ၁ဝ နာရီခွဲက မန္တလေး ချမ်းအေးသာစံ မြို့နယ် ၇၄ လမ်းနှင့် ၃၂ လမ်းထောင့်၊ အမှတ် (၁၉၈)တွင် ရုံးခွဲဖွင့်လှစ် ခဲ့ကြောင်း သိရသည်။

ဖယားထိုင်းနာဝါမင် သည် နိုင်ငံတကာ အဆင့်မီ ဆေးရုံကြီး ဖြစ်ကာ အထပ် ၁၆ ထပ်ပါ၊ ခုတင်၂၅ဝ ဆံ့ပြီး ကျောရိုးနှင့် ဦးနှောက် အထူးကုဌာန၊ အရိုးအကြော၊ အဆစ် အထူးကုဌာန၊ ကင်ဆာ အထူးကုဌာန၊ ဆီး နှင့်  ကျောက်ကပ် အထူးကုဌာန၊ ကျန်းမာရေး စစ်ဆေးမှုဌာန၊ အထွေထွေနှင့် အစားထိုး ခွဲစိတ်ကုသမှု ဌာန၊ ကလေးရောဂါ အထူးကု ဌာန၊သွား အထူးကု ဌာန၊ အမျိုးသမီး ရောဂါ အထူးကု ဌာန၊ အရေပြားနှင့် အလှအပဆိုင်ရာ အထူးကုဌာန တို့ဖြင့် ဆေးကုသမှု ပေးလျက် ရှိကြောင်း၊ မြန်မာ နိုင်ငံသားများ အတွက် မတ် ၃၁ ရက်မှ ဒီဇင်ဘာ ၃၁ ရက်ထိ Medical Check up ၅ဝ ရာခိုင်နှုန်းလျှော့ ဆောင်ရွက် ပေးသွားမည် ဖြစ်ကြောင်း ရုံးခွဲအကြံပေး မေ့ဆေး အထူးကု ဆရာဝန်ကြီး ဒေါက်တာ ကြည်လင်း က ရှင်းပြသည်။

မြန်မာနိုင်ငံ မန္တလေးမြို့ ရုံးခွဲ အနေဖြင့် ဆေးဝါး သွားရောက် ကုသလိုသူများ အတွက် ဆရာဝန် ရက်ချိန်း ယူပေးခြင်း၊ ဗီဇာ စီစဉ်ပေးခြင်း၊ ဧည့်လမ်းညွှန် (မြန်မာ စကားပြန်) အခမဲ့ စီစဉ်ပေးခြင်း၊ ကုန်ကျစရိတ် ခန့်မှန်း တွက်ချက်ပေးခြင်း၊ လေဆိပ်၊ ဟိုတယ်၊ ဆေးရုံ အကြို၊အပို့ အခမဲ့ စီစဉ်ပေးခြင်း၊ လေယာဉ် လက်မှတ်၊ တည်းခိုနေရာ စီစဉ်ပေးခြင်း၊ ဆေးရုံမှ ကုသမှု နည်းလမ်းနှင့် အကြံဉာဏ် ရယူပေးခြင်း၊ ပတ်စ်ပို့ အကူအညီ၊ ဗီဇာ ရရှိရေးနှင့် အထွေထွေ ဝန်ဆောင်မှုများ ဖြစ်သော ဆေးကုသမှု၊ ဆေးစစ်မှု ခံယူပြီးပါက ဘုရားဖူး အပန်းဖြေခရီး၊ ဈေးဝယ် လည်ပတ်ခြင်းများ စီစဉ် ဆောင်ရွက်မှုများ ပေးအပ်သွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ၏ တစ်ဦးတည်း ကိုယ်စားလှယ် ရရှိသူက ပြောပြ၍ သိရသည်။ (ဝ၄၂)

#Yadanarpondaily
#ရတနာပုံနေ့စဉ်

No comments:

Post a Comment