Pages

Wednesday, March 25, 2015

ဆယ်နှစ်တာကာလအတွင်း မြန်မာနိုင်ငံ၌ ယာဉ်စီးရေ ၄၉ သိန်းကျော် တင်သွင်းခဲ့ပြီး ယာဉ်စီးရေ တင်သွင်းမှု ငါးဆကျော်မြင့်တက်လာ


ရန်ကုန် ၊ ၂၅-၃-၂၀၁၅

၂ဝဝ၅ ခုနှစ်မှ ၂ဝ၁၅ ခုနှစ်ထိ ၁ဝ နှစ်တာ ကာလအတွင်း မြန်မာနိုင်ငံ၌ ယာဉ်စီးရေ ၄၉ သိန်း ကျော် တင်သွင်းနိုင်ခဲ့ပြီး ယာဉ်စီးရေ တင်သွင်းမှု ငါးဆကျော် မြင့်တက် လာကြောင်း သိရသည်။

၂ဝ၁၁ ခုနှစ်မှ စတင်ကာ စီးပွားရေး မူဝါဒများ ပြောင်းလဲပြီး ကားပါမစ် ထုတ်ပေးခြင်း၊ ယာဉ်အို၊ ယာဉ်ဟောင်းများ အစားထိုး လဲလှယ်ခြင်း များဖြင့် ကားတင်သွင်း ခွင့်များပြုခဲ့ရာ ၂ဝဝ၅ ခုနှစ်တွင် တစ်နိုင်ငံလုံး ကားအစီးရေ ဆယ်သိန်းခန့် ရှိခဲ့ရာမှ ၂ဝ၁၅ ခုနှစ် ဇန်နဝါရီတွင် ကားစီးရေ သိန်း ၅ဝ ခန့်ထိ ရှိလာကြောင်း ကုန်းလမ်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန (နေပြည်တော်) မှ သိရသည်။

ထိုကဲ့သို့ ယာဉ်အစီးရေ တိုးတက် လာသဖြင့် ပို့ဆောင်ရေး ကဏ္ဍတွင် ဖွံ့ဖြိုး လာသော်လည်း ဆိုးကျိုးများ အနေဖြင့် ယာဉ် မတော်တဆမှု များပြားလာသဖြင့် လူသေဆုံးမှုနှင့် ထိခိုက်ဒဏ်ရာ ရရှိသူ များပြားလာ ခဲ့ရသည်။

ယာဉ်အို၊ ယာဉ်ဟောင်း လဲလှယ် ဖျက်သိမ်းခြင်း များကို ၂ဝ၁၁ ခုနှစ်မှ စတင်ကာ အဆင့် လေးဆင့်ဖြင့် နှစ်လေးဆယ် အထက် ယာဉ်အို၊ ယာဉ်ဟောင်းများ စတင်ဖျက်သိမ်း ပေးခဲ့ရာ လက်ရှိအချိန် (၁/က)မှ (ည) အက္ခရာထိ ယာဉ်စီးရေပေါင်း ၁၈ဝ၇၆၂ စီး ဖျက်သိမ်းပြီး ဖြစ်ကြောင်း ကုန်းလမ်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ သိရသည်။

ကျော်လွင်

#Yadanarpondaily
#ရတနာပုံနေ့စဉ်

No comments:

Post a Comment