Pages

Sunday, March 1, 2015

မြန်မာ့ကြယ်လိပ်များ သဘာဝတောအတွင်း ပြန်လည်ရှင်သန်ရန် နည်းပညာအကူအညီ များဖြင့် ပူးပေါင်းဆောင်ရွက်မှုများ လိုအပ်


မျိုးသုန်းရန် ' အလွန်နီး ' အဆင့် သတ်မှတ်ခံထားရသည့် မြန်မာ့ကြယ်လိပ်


ရန်ကုန် ၊ ၁-၃-၂ဝ၁၅
.
မကွေးတိုင်း ဒေသကြီး မင်းဘူးခရိုင် ရွှေစက်တော် သာသနာ့နယ်မြေ ရွှေစက်တော် ဘေးမဲ့တောအတွင်း ကျက်စား နေထိုင်ကြသော မြန်မာ့ကြယ်လိပ် များမှာ Critically Endanger မျိုးသုဉ်းရန် အလွန်နီးအဆင့် သတ်မှတ်ခံထား ရပြီး ပြင်ပခြံလှောင် စမ်းသပ် မွေးမြူခြင်း အောင်မြင်မှုများ အရ လိပ်ခြံငယ်များ တဖြည်းဖြည်း တိုးချဲ့ပေးနိုင်ရန် အတွက် လူမှုရေး အဖွဲ့အစည်း များနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေး အဖွဲ့များ၏ နည်းပညာ အကူအညီများဖြင့် ပူးပေါင်း ဆောင်ရွက်ရန် လိုအပ်လျက် ရှိကြောင်း ရွှေစက်တော်ေ ဘးမဲ့တော ဥယျာဉ် တာဝန်ရှိသူ တစ်ဦးထံမှ သိရသည်။
.
''ကြယ်လိပ် တွေဟာ သဘာဝတော အတွင်းမှာ တဖြည်းဖြည်း ရှားပါးလာတဲ့ အတွက် ပြင်ပခြံလှောင် မွေးမြူခြင်း ( Ex-situ Conservation ) ကို သုတေသနပြု အောင်မြင်လျက် ရှိပါတယ်။ ပြင်ပခြံလှောင် မွေးတဲ့စနစ် ကနေ သဘာဝတော အတွင်း လိုက်လျောညီထွေ ပြန်လည် ရှင်သန်စေဖို့ ( In-situ Conservation ) ကို ၂ဝ၁၂ ခုနှစ်ကစ၍ သားပေါက်ကောင် သုံးကောင်ကို သဘာဝ တောတွင်းနေထိုင် ကျက်စားစေပြီး သဘာဝ အစာနဲ့ စမ်းသပ်လေ့လာတဲ့ အခါမှာလည်း စမ်းသပ်မှု အဆင့်ဆင့် အောင်မြင်ခဲ့ ပါတယ်။ ဒါပေမဲ့ လိပ်ခြံငယ်တွေ တိုးချဲ့ပေးနိုင်ဖို့ ဆိုတာကတော့ အဖွဲ့အစည်း အသီးသီးရဲ့ နည်းပညာ အကူအညီနဲ့ ပူးပေါင်း ဆောင်ရွက်မှုတွေ လိုအပ်နေဦးမယ် လို့ ထင်ပါတယ်'' ဟု အဆိုပါ တာဝန်ရှိသူက ပြောကြား ခဲ့ခြင်းဖြစ်သည်။
.
မြန်မာအမည် ကြယ်လိပ်(ခ) ပင့်ကူလိပ်၊ အင်္ဂလိပ်အမည် Burmese Star Tortoise ၊ သိပ္ပံအမည် Geochelone Platynota ကို ထိန်းသိမ်း ကာကွယ်မှုအဆင့် IUCN Critically Endanger မျိုးသုဉ်းရန် အလွန်နီးဟု သတ်မှတ်ထားချက် အရ ရွှေစက်တော် ဘေးမဲ့တော ဥယျာဉ်ရုံး တာဝန်ရှိ ဝန်ထမ်းများ အနေဖြင့် အလေးထား ထိန်းသိမ်း ဆောင်ရွက်လျက် ရှိပြီး ကြယ်လိပ် အကောင်ရေ ၂၉၇ ကောင် ထိန်းသိမ်းမွေးမြူ ထားလျက် ရှိကြောင်း သိရသည်။ (၄ဝ၂)
.
#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment