Pages

Tuesday, March 3, 2015

ယာဉ်အိုယာဉ်ဟောင်း အပ်နှံယာဉ်များအတွက် အစားထိုးတင်သွင်းမှုကို အချိန်သုံးလ တိုးမြှင့်ပေးမည်



ရန်ကုန် ၊ ၃-၃-၂ဝ၁၅

ယာဉ်အိုယာဉ်ဟောင်း အပ်နှံယာဉ် များ၏ ယာဉ်အစားထိုး တင်သွင်းမှုကို အချိန်သုံးလ ထပ်မံတိုးမြှင့် ပေးမည်ဖြစ်ကြောင်း မော်တော်ယာဉ် လုပ်ငန်းပေါင်းစုံ ထိန်းသိမ်းရေး ကြီးကြပ်မှု (ဗဟို) ကော်မတီမှ တာဝန်ရှိသူ
တစ်ဦး၏ ပြောကြားချက် အရ သိရသည်။

အဆိုပါ ယာဉ်အိုယာဉ်ဟောင်း အပ်နှံယာဉ် များကို အချိန်ကာလ တိုးမြှင့် ပေးရသည်မှာ အစားထိုး တင်သွင်းရာတွင် အခက်အခဲ မဖြစ်ရေး အတွက်ဖြစ်ကြောင်း၊ ထို့အပြင် ပြည်ပမှ တင်သွင်းယာဉ်များ အနေဖြင့် မှတ်ပုံတင်ခများ ကိုလည်း လျှော့ပေါ့ခြင်း နှင့် ကနဦး မှတ်ပုံတင်ခြင်း များကိုလည်း ဆောင်ရွက် ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

ယခုနှစ်အတွင်း တင်သွင်းသော မော်တော်ယာဉ် များ၏ CIF သတ်မှတ်ချက်ကို ၂ဝ၁၄ ခုနှစ်က သတ်မှတ် ထားသည့် နှုန်းထားထက် ၅ ရာခိုင်နှုန်း လျှော့ချကာ တန်ဖိုးသတ်မှတ် ပေးနေကြောင်း သိရသည်။

ယင်းကဲ့သို့ လျှော့ချပေးခြင်းများ ရှိသော်လည်း မော်တော်ယာဉ် ဈေးကွက်အတွင်း သိသာစွာ ပြောင်းလဲခြင်း မရှိကြောင်း၊ မော်တော်ယာဉ် အရောင်းအဝယ် ဈေးကွက် အေးနေပြီး မော်တော်ယာဉ် တင်သွင်းမှု များတွင်လည်း CIF နှုန်းထား သတ်မှတ်ရာတွင် ဆိပ်ကမ်း ရောက်မှသာ ကောက်ခံခြင်း ဖြစ်သောကြောင့် ကောက်ခံသော နှုန်းထားကို အတိအကျ မသိရှိနိုင်ကြောင်း သိရသည်။ ရန်ကုန်မြို့ အတွင်း ယာဉ်ကြော ပိတ်ဆို့မှု များကြောင့် ယာဉ်တင်သွင်း မှုများကို ထိန်းချုပ် ထားသော်လည်း ယာဉ်အိုယာဉ်ဟောင်း အပ်နှံ တင်သွင်းမှု များကို ခွင့်ပြု ထားကြောင်း သိရသည်။

၂ဝ၁၃ မော်ဒယ်လ် ၁၃၅ဝ စီစီနှင့်အောက် ယာဉ်များ CIF တန်ဖိုးကို Brand New ကားများ၏ CIF အတိုင်း အခွန်ကောက်ခံ နေကြောင်း၊ ယင်း အတွက်ကြောင့် မော်တော်ယာဉ် ကြီးကြပ်မှု ကော်မတီ၏ CIF သတ်မှတ်ချက် များလည်း လိုအပ် နေကြောင်း သိရသည်။

မော်တော်ယာဉ်များ အတွက် CIF နှုန်းထားအစား အကောက်ခွန် ဦးစီးဌာန အနေဖြင့်လည်း အကောက်ခွန် နှုန်းထားတစ်ရပ်ကို သတ်မှတ်ပေးရန် မြန်မာ့ မော်တော်ယာဉ် ထုတ်လုပ်ရေး နှင့် ဖြန့်ဖြူး ရောင်းချသူများ အသင်းတို့ ဆွေးနွေးညှိနှိုင်း မှုများ လုပ်ဆောင် နေကြောင်း သိရသည်။

စိုးမိုး

#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment