Pages

Friday, March 20, 2015

ဧပြီလ ၁ ရက်မှစတင်၍ ၀င်ငွေခွန်များ ပြန်လည် စိစစ် ကောက်ခံသွားမည်


ရန်ကုန် ၊ ၂၀-၃-၂၀၁၅

မြန်မာနိုင်ငံ၌ နေထိုင်သည့် နိုင်ငံသား လခစား ဝန်ထမ်းများနှင့် တခြား အလုပ်အကိုင် လုပ်ကိုင်နေသူများ အနေဖြင့် ဧပြီ ၁ ရက်မှစတင်၍ ဝင်ငွေခွန် များကို ပြန်လည် ပေးဆောင်ရန် သတ်မှတ်လိုက်ပြီ ဖြစ်ကြောင်း ပြည်တွင်း အခွန်များ ဦးစီးဌာန ၏ ထုတ်ပြန်ချက် အရ သိရသည်။

လခစား ဝန်ထမ်းများ အနေဖြင့် လစာဝင်ငွေ အပေါ်မှ အခွန် ပေးဆောင်ရာတွင် လစာ ထုတ်ပေးသူများက ကျသင့် အခွန်ကို နုတ်ယူ၍ အခွန်ပေးသွင်း ရမည်ဖြစ်ပြီး တခြားဝင်ငွေ ရရှိသူများမှာ ဘဏ္ဍာနှစ် ကုန်ဆုံးပြီး ဧပြီ ၁ ရက်မှ ဇွန်လအထိ သုံးလအတွင်း သက်ဆိုင်ရာ မြို့နယ် အခွန်ဦးစီးဌာန များသို့ ဝင်ငွေ ကြေညာလွှာ တင်သွင်းရမည် ဖြစ်ကြောင်း ပြည်တွင်း အခွန်များ ဦးစီးဌာန၏ ထုတ်ပြန်ချက် အရ သိရသည်။

ထိုကဲ့သို့ အခွန် ပေးဆောင်ရာတွင် ဝန်ထမ်းအဖြစ် သာမက တခြား စီးပွားရေး လုပ်ငန်းများ လုပ်ကိုင် ဆောင်ရွက်ပါက ထပ်မံ  အခွန်ပေးဆောင် ရမည်ဖြစ်သည်။ ဝင်ငွေခွန်အား အခွန် ပေးဆောင်ရန် သတ်မှတ်ထား
သော်လည်း စီးပွားရေး လုပ်ငန်းရှင် များနှင့် ဝန်ထမ်းများမှာ အခွန် ပေးဆောင်ရန် ပျက်ကွက်ခဲ့ပြီး နိုင်ငံတော်မှ ထိုပျက်ကွက်မှုကို မည်သည့် အရေးယူမှုမျိုးမှ မပြုလုပ် ခဲ့ဘဲ ယခုအခါ ပြန်လည် ကောက်ခံခြင်း ဖြစ်ကြောင်း စီးပွားရေး လုပ်ငန်းရှင် များက ပြောသည်။

ထို့အပြင် စီးပွားရေး ပညာရှင်များက ဝင်ငွေခွန်များကို နိုင်ငံတကာ၌ ကောက်ခံမှုများ ပြုလုပ် နေသော်လည်း မြန်မာနိုင်ငံ၌ ယခုနှစ်မှ ပြန်လည် ကောက်ခံခြင်း ဖြစ်သည်။ ပြည်ပနိုင်ငံ များ၌ ဝင်ငွေခွန် မပေးဆောင်ပါ က
ထိရောက်သည့် အရေးယူမှုများ ပြုလုပ်သော်လည်း မြန်မာနိုင်ငံ၌ ထိုကဲ့သို့ အရေးယူမှုများ လက်ရှိ အချိန်ထိ မတွေ့ရှိ ရသေးကြောင်း သိရသည်။

နိုင်ငံသားတိုင်းအနေဖြင့် အခွန် ပေးဆောင်ရန် တာဝန်ရှိသည့် အတွက် ပြန်လည် ကောက်ခံရခြင်း ဖြစ်ပြီး ရရှိသည့် အခွန်ဝင်ငွေ များကို နိုင်ငံတော် အနေဖြင့် အကျိုးရှိသည့် နေရာများတွင် ပြန်လည် သုံးစွဲသွားမည် ဖြစ်ကြောင်း သိရသည်။ ပြည်တွင်း အခွန်များ ဦးစီးဌာန အနေဖြင့် ရသင့်ရထိုက် သည့် အခွန်များ လေလွင့် ဆုံးရှုံးမှု မဖြစ်ပေါ် စေရန် စိစစ် ကောက်ခံလျက် ရှိပြီး ရရှိလာသော အခွန်ငွေ များဖြင့် လမ်းတံတား တည်ဆောက်ခြင်း နှင့် ပြည်သူ့ ဝန်ထမ်းများကို လစာပေးခြင်း များကို ပြုလုပ်ကြောင်း သိရသည်။

လစာအပေါ်မှ အခွန် ကောက်ခံရာတွင် တစ်နှစ်ဝင်ငွေ ငွေကျပ်သိန်း ၂ဝ ကျော် ရရှိသူများမှာ သတ်မှတ် အခွန်ငွေ ပေးဆောင်ရမည် ဖြစ်ပြီး လျှော့ပေါ့ သက်သာခွင့် များမှာ အခြေခံ သက်သာခွင့် ၂ဝ ရာခိုင်နှုန်း၊ ဇနီး၊ ခင်ပွန်းနှင့် သား၊ သမီး တစ်ဦးစီ အတွက် သက်သာခွင့်များ ရှိကြောင်း ပြည်တွင်း အခွန်များ ဦးစီးဌာနမှ သိရသည်။ (၄၄၈)

#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment