Pages

Friday, February 20, 2015

သန်လျင်မြို့၌ IT City တည်ဆောက်ရန် မြေနေရာ သတ်မှတ်ပေး


MICT Park, Yangon

ရန်ကုန် ၊ ၂၀-၂-၂၀၁၅

အောက်မြန်မာနိုင်ငံ အတွက် အိုင်စီတီ စီးတီး တစ်ခု တည်ဆောက်ရန် ရန်ကုန်တိုင်း ဒေသကြီး သန်လျင်မြို့၌ မြေနေရာ သတ်မှတ်ပေးခဲ့ရာ ဧက ၃ဝဝ ခန့် ရှိမည်ဖြစ်ပြီး လိုအပ်ပါက ဧက ၅ဝဝ အထိ တိုးချဲ့နိုင်မည် ဖြစ်ကြောင်း သိရသည်။

အိုင်စီတီစီးတီး တည်ဆောက်ရန် မြေနေရာသည် စီမံကိန်း အကောင်အထည် ဖော်မည့် အစီအစဉ်များ အရ ဧက ၅ဝဝ ခန့် လိုအပ် မည်ဖြစ်သည်။ ယင်း အိုင်စီတီစီးတီး တွင် ပြည်ပ နည်းပညာ ကုမ္ပဏီများ ကိုပါ ဖိတ်ခေါ်၍ ပြည်တွင်း နည်းပညာကဏ္ဍ ပိုမိုတိုးတက် လာစေရန် ဆောင်ရွက် သွားမည်ဖြစ်ပြီး ပြည်တွင်းမှ လူငယ်များ အတွက် အလုပ်အကိုင် အခွင့်အလမ်းများ ရရှိရန် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သိရသည်။

အိုင်စီတီ ကဏ္ဍ ဖွံ့ဖြိုးတိုးတက် စေရေးအတွက် မြန်မာနိုင်ငံ အထက်ပိုင်း၌ ရတနာပုံ ဆိုက်ဘာ စီးတီးကို ပြင်ဦးလွင် မြို့နယ် ရတနာပုံ မြို့သစ်၌ ၂ဝ၁ဝ ပြည့်နှစ်က စတင် တည်ထောင် ခဲ့ပြီး ရန်ကုန်မြို့ ၌လည်း နည်းပညာ လုပ်ငန်းများ အများစု လုပ်ကိုင် နေသည့် MICT Park ကို ၂ဝဝ၄ ခုနှစ်က စတင် တည်ထောင် ခဲ့ကြောင်း သိရသည်။

#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment