Pages

Friday, February 20, 2015

တပ်မတော်နယ်လှည့် အထူးကုဆေးအဖွဲ့က ဒေသခံပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆက်လက် ဆောင်ရွက်ပေး



နေပြည်တော် ၊ ၂၀-၂-၂၀၁၅

မန္တလေးတိုင်း ဒေသကြီး၊ တောင်သာ မြို့နယ်တွင် ရောက်ရှိနေသော တပ်မတော် နယ်လှည့် အထူးကု ဆေးအဖွဲ့သည် ရွေ့လျား ခွဲစိတ် ကုသယာဉ်၊ ရွေ့လျား ဓာတ်မှန်ရိုက် ယာဉ်တို့ဖြင့် ကျောက်ကာ ကျေးရွာ၊ ရုံးတောကျေးရွာ နှင့် ပတ်ဝန်းကျင် ကျေးရွာများမှ ဒေသခံ ပြည်သူများအား ယမန်နေ့တွင် ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးရာ ဆေးကုသ မှုဆိုင်ရာ ရောဂါ ၂၇၁ ဦး၊ ခွဲစိတ် ရောဂါ ၁၈၆ ဦး၊ ကလေးရောဂါ ၄၅ ဦး၊ သားဖွားမီးယပ် ရောဂါ ၄၁ ဦး၊ အရိုးရောဂါ ၂၁၅ ဦး၊ နား နှာခေါင်း လည်ချောင်း ရောဂါ ၆၂ ဦး၊ မျက်စိရောဂါ ၂၄၁ ဦး နှင့် သွားရောဂါ ၆၄ ဦး၊ စုစုပေါင်း ၁၁၂၅ ဦးတို့အား လိုအပ်သည့် ကုသမှုများ ဆောင်ရွက် ပေးပြီး ရွေ့လျားခွဲစိတ် ကုသယာဉ်ဖြင့် မျက်စိလူနာ ၄၇ ဦးအား ခွဲစိတ်ကုသ ပေးခြင်း၊ ရွေ့လျား ဓာတ်မှန် ရိုက်ယာဉ်ဖြင့် ဓာတ်မှန်ရိုက်သူ ၇၇ ဦး ၊ အာထရာဆောင်း ရိုက်သူ ၅၂ ဦး၊ အသံလှိုင်း ဖြင့် နှလုံး စမ်းသပ်သူ သုံးဦး တို့အား ရောဂါရှာဖွေခြင်းများ ဆောင်ရွက်ပေး၍ ဆေးရုံ တက်ရောက် ကုသရန် လိုအပ်သော လူနာ ၂၄ ဦးအား မိတ္ထီလာမြို့ ရှိ တပ်မတော် ဆေးရုံသို့ ပြောင်းရွှေ့ ကုသ ပေးသည်။

ထိုသို့ တပ်မတော် နယ်လှည့် အထူးကု ဆေးအဖွဲ့က ဒေသခံ ပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေး နေမှုကို အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် စိုးထွဋ် နှင့် တာဝန်ရှိ သူများက သွားရောက် ကြည့်ရှု အားပေးစကား ပြောကြားပြီး ဒေသခံ ပြည်သူများအား ရင်းရင်းနှီးနှီး လိုက်လံ နှုတ်ဆက်သည်။ 

အဆိုပါ တပ်မတော် နယ်လှည့် အထူးကု ဆေးအဖွဲ့အနေဖြင့် တောင်သာမြို့နယ် အတွင်း၌ ဖေဖော်ဝါရီ ၁၃ ရက်မှ ယမန်နေ့အထိ ဒေသခံ ပြည်သူ စုစုပေါင်း ၁၃၂၂၁ ဦးအား လိုအပ်သည့် ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက် ပေးခဲ့ပြီး ဆေးရုံ တက်ရောက် ကုသရန် လိုအပ်သော ဒေသခံပြည်သူ ၁၄၃ ဦးတို့အား တပ်မတော် ဆေးရုံသို့ တက်ရောက်၍ ကုသမှု ခံယူစေလျက် ရှိကြောင်း သိရှိရသည်။

#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment