Pages

Thursday, February 5, 2015

ပုဂ္ဂလိကသစ်တောစိုက်ခင်း တည်ထောင်ခြင်း လုပ်ငန်းတင်ဒါ အောင်မြင်သူ လုပ်ငန်းရှင် ၁၉ ဦး လုပ်ကိုင်ခွင့်ပြု



ရန်ကုန် ၊ ၅-၂-၂၀၁၅

ပုဂ္ဂလိက သစ်တော စိုက်ခင်း တည်ထောင်ခြင်း လုပ်ငန်းကို ပြည်တွင်း ပြည်ပ ရင်းနှီးမြှုပ်နှံ မှုဖြင့် ဆောင်ရွက် နိုင်ရန် တိုင်းဒေသကြီး နှင့်ပြည်နယ် ခြောက်ခုရှိ သစ်တောမြေ ဧရိယာ ၈၇ဝ၇၉ ဧက လုပ်ကွက် ၃၅ ကွက်အတွက် တင်ဒါ အောင်မြင်သူ လုပ်ငန်းရှင် ၁၉ ဦးအား လုပ်ကိုင်ခွင့်ပြု ခဲ့ကြောင်း သစ်တော ဦးစီးဌာန မှ ထုတ်ပြန် ခဲ့သည်။

ပုဂ္ဂလိက သစ်တော စိုက်ခင်း တည်ထောင်ခြင်း လုပ်ငန်းကို ဆောင်ရွက်ရန် တိုင်းဒေသကြီး နှင့် ပြည်နယ်ရှစ်ခု ရှိ သစ်တောမြေ ဧရိယာ ၂၅၅၅၅၅ ဧကတွင် လုပ်ကွက် ၉၇ ကွက် သတ်မှတ်၍ အိတ်ဖွင့်တင်ဒါ ခေါ်ယူ ခဲ့ခြင်းဖြစ်ပြီး ဇန်နဝါရီ ၂၉ ရက်တွင် တိုင်းဒေသကြီး နှင့် ပြည်နယ် ခြောက်ခုရှိ သစ်တောမြေ ဧရိယာ ၈၇ဝ၇၉ ဧက လုပ်ကွက် ၃၅ ကွက်တွင် ဗန်းမော်၊ ထီးချိုင့်၊ တမူး၊ ဒိုက်ဦး၊ ပဲခူး၊ ကျောက်တံခါး၊ တနင်္သာရီ၊ တာချီလိတ်၊ ပုသိမ်၊ သာပေါင်း၊ ငပုတော နှင့် လေးမျက်နှာ မြို့နယ်များရှိ လုပ်ကွက်များ ပါဝင်ကြောင်း သိရသည်။

ပုဂ္ဂလိက သစ်တောစိုက်ခင်း ထူထောင်ခြင်း လုပ်ငန်းကို ယခင်က ဧက ၅ဝဝ နှင့် အထက်သာ လုပ်ကိုင်ခွင့်ပြု ခဲ့သော်လည်း ယခုအကြိမ် တင်ဒါ ခေါ်ယူမှုတွင် ဧက ၁ဝဝဝ နှင့်အထက် လုပ်ကိုင်ခွင့် ပြုရန် ပထမဆုံး ခွင့်ပြု ပေးခဲ့ခြင်း ဖြစ်ပြီး ယခင်က နိုင်ငံသား လုပ်ငန်းရှင်များ ကိုသာ လုပ်ကိုင်ခွင့်ပြု ခဲ့ရာ ယခုအကြိမ် တင်ဒါခေါ်ယူ ရာတွင် ပထမဆုံး အဖြစ် နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံ သူများကိုပါ ဖိတ်ခေါ် ခဲ့ကြောင်း သိရသည်။

ပတ်ဝန်းကျင် ထိန်းသိမ်းရေး နှင့် သစ်တောရေးရာ ဝန်ကြီးဌာန သစ်တော ဦးစီးဌာနမှ စီမံခန့်ခွဲခွင့် ရှိသော သစ်တောမြေ များကို နှစ် ၃ဝ နှစ်ရှည်ငှားရမ်း စာချုပ်ဖြင့် လုပ်ကိုင် ခွင့်ပြုမည် ဖြစ်ပြီး ပုဂ္ဂလိက သစ်တော စိုက်ခင်းများ တည်ထောင်ရာတွင် ကျွန်းစိုက်ခင်း၌ ကျွန်းမျော၊ ကျွန်းတိုင်၊ ကျွန်းသစ်များကို လုပ်ငန်းရှင်မှ ရယူခံစားခွင့် ရှိကာ ကျွန်းသစ် များကို ပြည်တွင်း ပြည်ပသို့ ရောင်းချ ရာတွင် စုစုပေါင်း ရရှိတန်ဖိုး၏ ၁ဝ ရာခိုင်နှုန်းကို ပတ်ဝန်းကျင် ထိန်းသိမ်းရေး နှင့် သစ်တောရေးရာ ဝန်ကြီးဌာန သို့ ပေးသွင်းရမည် ဖြစ်ကြောင်း သိရသည်။ (၄၄၇)

#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment