Pages

Thursday, February 19, 2015

နိုင်ငံတကာ ဆက်သွယ်ရေး ဆက်ကြောင်းသစ် မြန်မာနိုင်ငံသို့ ၀င်ရောက်ချိတ်ဆက်မည့် နေရာတွင် လုပ်ငန်းများ ဆောင်ရွက်၇န် သင်္ဘောနှစ်စီး ရောက်ရှိ



ရန်ကုန် ၊ ၁၉-၂-၂၀၁၅

နိုင်ငံတကာ ဆက်သွယ်ရေး ဆက်ကြောင်းသစ် မြန်မာနိုင်ငံ သို့ ဝင်ရောက် ချိတ်ဆက်မည့် နေရာတွင် အကြိုရှေ့ပြေး လုပ်ငန်းများ ဆောင်ရွက်ရန် သင်္ဘော နှစ်စီး ရောက်ရှိနေပြီ ဖြစ်ကြောင်း မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ သိရသည်။

နိုင်ငံတကာ ဆက်သွယ်ရေး ဆက်ကြောင်းသစ် ဖြစ်သည့် SEA_ME_WE 5 (South East Asia-Middle East-Western Europe-5) သည် မြန်မာနိုင်ငံသို့ ရေအောက် ကေဘယ်လ် အဖြစ် ဝင်ရောက် ချိတ်ဆက်မည် ဖြစ်ရာ အဆိုပါ ဆက်ကြောင်း ဖြတ်သန်း သွာလာမည့် နေရာများတွင် Survey အကြိုရှေ့ပြေး လုပ်ငန်းများ ဆောင်ရွက်မည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ ဆက်ကြောင်းသစ် ဖြစ်သည့် အာရှ- ဥရောပ ရေအောက် ကေဘလ် စီမံကိန်းတွင် မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းသည် အဖွဲ့ဝင် အဖြစ် ပါဝင်သည့် အတွက် မြန်မာ နိုင်ငံသို့ ရေအောက် ကေဘယ်လ် ဝင်ရောက် ချိတ်ဆက်မည့် ငွေဆောင် ကမ်းခြေရှိ Beach Man Hole (BMH) နှင့် Brunching Unit (BUID) တို့ကြား ကေဘယ်လ် ချခင်းမည့် လမ်းကြောင်း တစ်လျှောက်ကို အကြိုရှေ့ပြေး လုပ်ငန်းများ Survey ဆောင်ရွက်မည် ဖြစ်ကြောင်း သိရသည်။

အဆိုပါလုပ်ငန်း ဆောင်ရွက်ရန် RV EGS Explorer သင်္ဘောနှင့် RV. Notrhern Endeavour သင်္ဘောတို့သည် ဇန်နဝါရီ နောက်ဆုံးပတ်တွင် မြန်မာနိုင်ငံေ ရပြင်ပိုင်နက်သို့ ရောက်ရှိပြီး Survey လုပ်ငန်းများကို ယခုနှစ် ဇွန်လထိ ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သိရသည်။

အိအိအောင်

#Yadanarpondaily

No comments:

Post a Comment