Pages

Thursday, February 19, 2015

သားအိမ်ခေါင်းကင်ဆာ သည် မြန်မာအမျိုးသမီးများတွင် ဒုတိယအဖြစ်အများဆုံး ကင်ဆာရောဂါဖြစ်



ရန်ကုန် ၊ ၁၉-၂-၂၀၁၅

မြန်မာ အမျိုးသမီး များတွင် ဖြစ်ပွားလေ့ ရှိသော ကင်ဆာများ အနက် သားအိမ်ခေါင်း ကင်ဆာသည် ဒုတိယ အဖြစ်များဆုံး ကင်ဆာရောဂါ ဖြစ်ပြီး လူဦးရေ ငါးသိန်းခန့်မှာ သားအိမ်ခေါင်း ကင်ဆာရောဂါ ဖြစ်ပွား နေခြင်းကြောင့် ကနဦး ရောဂါ စမ်းသပ်ခြင်းကို ဒေသအချို့၌ စီမံချက်ဖြင့် ကွင်းဆင်း ဆောင်ရွက် သွားမည် ဖြစ်ကြောင်း ကျန်းမာရေး ဦးစီးဌာနမှ သိရသည်။

သားအိမ်ခေါင်း ကင်ဆာသည် အရွယ် ရောက်ပြီးသော အမျိုးသမီး များတွင် ဖြစ်ပွားလေ့ ရှိပြီး မဖြစ်မီက ကြိုတင် ကာကွယ်နိုင်သော ရောဂါဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၌ သာမက ကမ္ဘာ့နိုင်ငံ များ၌လည်း ဖွံ့ဖြိုးပြီး နိုင်ငံများတွင် အသက် ကိုးနှစ်မှ ၁၃ နှစ် အတွင်းရှိ အမျိုးသမီးငယ် များကို ကြွက်နို့ရောဂါ ကာကွယ်ဆေး ( HPV Vaccine ) ထိုးပေးခြင်းဖြင့် သားအိမ်ခေါင်း ကင်ဆာကို ကြိုတင် ကာကွယ် နိုင်ကြောင်း သိရသည်။

သားအိမ်ခေါင်း ကင်ဆာရောဂါ ကြောင့် သေဆုံးသူ ၈ ဒသမ ၂ သန်းခန့် ရှိပြီး နောက်ပိုင်းတွင် ၁၃ သန်းအထိ မြင့်တက် လာနိုင်ကြောင်း ကမ္ဘာ့ကျန်းမာရေး အဖွဲ့၏ ထုတ်ပြန်ချက် အရ သိရသည်။

အဆိုပါ ရောဂါသည် အိမ်ထောင်ဆက် များသူများ၊ မီးဖွားမှု များသူများ၊ အပျော်အပါး လိုက်စားသူ များ၏ အိမ်ထောင်သည် အမျိုးသမီး များနှင့် ပဋိသန္ဓေ တားရန် ကွန်ဒုံး မသုံးဘဲ တားဆေး စားသူများတွင် အဖြစ် များကြောင်း သိရသည်။

သားအိမ်ခေါင်း ကင်ဆာသည် လူသေမှု အများဆုံး အမျိုးသမီး ကင်ဆာရောဂါ များတွင် နံပါတ်လေး နေရာတွင်ရှိပြီး တစ်နှစ်လျှင် သားအိမ်ခေါင်း ကင်ဆာ ဝေဒနာ ခံစားရသူ ၇ဝဝဝ နီးပါး တွေ့ရှိကြောင်း၊ သားအိမ်ခေါင်း ကင်ဆာသည် အမျိုးသမီးများတွင် ဒုတိယ အများဆုံး ကင်ဆာရောဂါ ဖြစ်ပြီး ရင်သား ကင်ဆာသည် အဖြစ် အများဆုံး ကင်ဆာရောဂါ ဖြစ်ကြောင်း ကျန်းမာရေး ဦးစီးဌာနမှ သိရသည်။

ဆုလာဘ်

#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment